Thursday, November 08, 2012
သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို
ဒုတိယသက်တမ်း ပြန်လည်အရွေးခံရတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama
ပြန်ပြီး အနိုင်ရတဲ့ အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး အရှိန်ကို
ပိုပြီးတိုးမြှင့်သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတ ရုံးပြောခွင့်ရသူက VOA
မြန်မာပိုင်းကို ပြောပါတယ်။
တာချီလိတ်မှာ မူးယစ်ဆေး၊ ဒေါ်လာနဲ့ လက်နက် ဖမ်းမိ
ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ်ရှိ
တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်သူ
တစ်ယောက်ရဲ့နေအိမ်ကိုမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်ရှာဖွေခဲ့ရာရာမခေါ် စိတ်ကြွ ဆေးပြားအလုံးရေ ၅ သိန်းကျော်နဲ့ သေနတ်တစ်လက် အပါအ၀င်
သိန်းနဲ့ချီတဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် မုန်တိုင်းတခုကို ရင်ဆိုင်နေရတဲ့ နယူးယောက်နဲ့ နယူးဂျာစီ

ဟာရီကိန်း
စဲန်ဒီဒဏ် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတဲ့ နယူးယောက်မြို့တော်တ၀ိုက်နဲ့
နယူးဂျာစီပြည်နယ် က ပြည်သူတွေဟာ နောက်ထပ် မုန်တိုင်းတခုရဲ့ဒဏ်ကို
ခံစားနေကြရပါတယ်။ အခု ကြုံရတဲ့မုန်တိုင်းဟာ ဟာရီကိန်း စဲန်ဒီလောက်
မပြင်းထန်သော်လည်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသတွင်းနေ ပြည်သူများ အနေနဲ့ တော့
ကြီးစွာသော ဒုက္ခတခုကို ထပ်မံ ကြုံတွေ့ရဦးမှာ ဖြစ်ပါတယ်။
အမေရိကန် - မြန်မာ ကုန်သည်ကြီးများအသင်း မြန်မာပြည်ကို လာမယ်
မြန်မာနိုင်ငံဖွား အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ
စုစည်းတည်ထောင်ထားတဲ့ အမေရိကန်ပြည်ထောင် စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက်
အမေရိကန် - မြန်မာ ကုန်သည်ကြီးများအသင်းရဲ့ပထမဆုံးခရီးစဉ် အဖြစ်
မြန်မာနိုင်ငံကို နိုဝင်ဘာလ နောက်ဆုံးပတ် မှာသွားရောက်မယ်လို့သိရပါတယ်။
ရှေးဟောင်းတရားရုံးနှစ်ရုံးအတွက် ရှေ့နေများကွန်ရက် သဘောထားကြေညာ
တရားရုံးရှေ့တွင်ဆန္ဒပြရန် စုဝေးနေသော ရှေ့နေများပုံ
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ကမ်းနားလမ်းက ရှေးဟောင်းသမိုင်းအမွေအနှစ် စာရင်းဝင် တရားရုံးကြီးနှစ်ရုံး ကို တရားရုံးတွေအဖြစ်နဲ့
ဆက်လက်ထိန်းသိမ်း အသုံးပြုရေးနဲ့ ပတ်သက်ပြီး ရှေ့နေများကွန်ရက်ရဲ့
သဘော ထားကြေညာချက်တစ်ရပ် နိုဝင်ဘာလ ၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေး ထုတ်ပြန်
တိုင်းရင်းသားကိုယ်စားလှယ်များနှင့်၊ ဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေး ထုတ်ပြန်
လက်ခံရရှိသော မိတ္တူအရ နိုဝင်ဘာ ၅ ရက်နေ့က
တိုင်ရင်းသားလွှတ်တော်အမတ်များနှင့် လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
သဘောတူညီချက်အရ ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်ပြီး သဘောထားတရပ်
ထုတ်ပြန်လိုက်သည် ကို တွေ့ရသည်။
သမ္မတအိုဘားမား ပြန်ရွေးချယ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြောင်း ဒေါ်စု ပြောကြား
သမ္မတအိုဘားမားကို မဲဆွယ်စည်းရုံးပွဲတွင် တွေ့ရစဉ်
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က
မနေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာအိုဘားမား
အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိ ခန့်မှန်းခဲ့ကြောင်းနဲ့
မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီမယ် လို့
မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမေရိကန်နိုင်ငံ ဒုတိယ သမ္မတထံ ဝမ်းမြောက် သဝဏ်လွှာပေးပို့


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တို့သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အမေရိကန် ပြည်ထောင်စု၏ ဒုတိယသမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းခံရသည့် မစ္စတာ ဂျိုးဘိုင်ဒင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
မြန်မာနိုင်ငံရှိ ရေအားလျပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့်တည်ဆောက် သောက်ရေခပ် (၂)စီမံကိန်းအပါအ၀င် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်
မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်အရတည်ဆောက်လျက်ရှိသည့်စီမံကိန်းများ၊ထပ်မံတည်ဆောက်မည့်
ရေအားလျှပ်စစ်စီမံကိန်းများအတွက် ချေးငွေများရယူရာတွင် EXIM Bank နှင့် China Development Bank တို့မှ အဓိက ချေးယူခြင်းဖြစ်ကြောင်း သိရသည်။
ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး
တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။
အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု
ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ် အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။
ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန် တိုးမြှင့်ရေးကိစ္စကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အခုလို အသုံးစရိတ် လျှော့ချတဲ့အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအရေး သဘေားထား ကြေညာချက်ထုတ်

ကောမှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လူထုနှင့်တွေ့ဆုံနေစဉ်၊
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသေဆုံးမှုများနဲ့ ရခိုင် ပဋိပက္ခများကို အမြန်ဆုံး လက်တွေ့ကျကျ ထိရောက်စွာ ဖြေရှင်းကြဖို့ တောင်းဆို လိုက်ပါတယ်။
မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်
ကပ်လာရာမှ မြန်မာရေတပ်က မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင်ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်
ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာ
သည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီးခံရခြင်း
ဖြစ်သည်။
သည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီးခံရခြင်း
ဖြစ်သည်။
အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများ ရောင်းချရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်ဟုဆို
ရာ ကန်ထရိုက် စာချုပ် ၂ ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့တွင် ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကို ပြောကြား ခဲ့ပါသည်။ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများရောင်းချ ပေးရေး ဆိုင်
အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကန်ထရိုက် စာချုပ် များကို
လက်မှတ်ရေး
Monday, November 05, 2012
ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင်
ဖြေရှင်းဖို့အတွက် ပထမဆုံး အဆင့်အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့ အမေရိကန် သမ္မတရွေးပွဲအတွက် အကြိတ်အနယ် စည်းရုံး
အိုဟိုင်းအိုးပြည်နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂)။
အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ သမ္မတရွေးကောက်ပွဲမတိုင်မီ
နောက်ဆုံးနေ့တွေ အဖြစ်နဲ့ မဲဆွယ် စည်းရုံး နေကြတဲ့ လက်ရှိသမ္မတ ဘရက်ခ်
အိုဘားမားနဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း မစ်ရွန်မနီ (Mitt
Romney)တို့ဟာ ရွေးကောက်ပွဲအတွက် အဓိကအဆုံးအဖြတ် ပေးလိမ့်မယ်လို့
ယူဆထားကြတဲ့ ပြည်နယ်တွေမှာ အပြန်အလှန် မဲဆွယ်စည်းရုံး လှုပ်ရှားနေကြပါတယ်။
ဆွစ်ဇာလန်သံရုံးသစ် ရန်ကုန်မှာ ဖွင့်လှစ်
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသစ်ကို
မြန်မာနိုင်ငံကိုရောက်နေရှိတဲ့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး က မနေ့က
ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်
လူကြီးမင်းဖုန်းဆိုင်က ကံစမ်းမဲပြုလုပ်မယ့်အစီအစဉ် လက်ကမ်းကြော်ငြာကို လသာမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြသနေစဉ်
လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့ကပြုလုပ်ခဲ့တဲ့
ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက် တာကြောင့် အချို့နေရာတွေမှာ
ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Parkroyal ဟိုတယ်မှာ ဒီကနေ့
မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော် စီမံကိန်းအနီးက ကျူးကျော်ဈေးကို အမြန်ဖယ်ရှားခိုင်း
နေပြည်တော် ဥတ္တသီရိမြို့နယ်က အစိုးရဝန်ထမ်းအိမ်ရာတစ်ခုကို တွေ့ရစဉ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ နိုင်ငံတော်ဧည့်ဂေဟာ
သံတမန်အိမ်ယာဆောက် လုပ်ရေး စီမံကိန်းတွေနားက တောင်ကြားဈေးဟာ
ကျုးကျော်ဈေးဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား
ဖယ်ရှားပေးရမယ်လို့ သိရပါတယ်။
၁၉၉၁က မတရားအလုပ်ဖြုတ်ခံရသူ တစ်ကိုယ်တော် ဆန္ဒပြမည်
၁၉၉၁ ခုနှစ်တုန်းက မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့ သကြားစက်ရုံ
ဝန်ထမ်းဟောင်းတစ်ဦးက အလုပ်ဖြုတ် ခံရတာကို မကျေနပ်တဲ့အတွက်လာမယ့် နိုဝင်ဘာ
၁၁ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တစ်ကိုယ်တော်
ဆန္ဒပြမယ်လို့သိရှိရပါတယ်။
အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ
တော်ဝင်စက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ
၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံ အလုပ်သမားများ စက်ရုံဝင်းအတွင်း ဆန္ဒပြနေစဉ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ
စက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမား အခွင့်အရေး
အပြည့်အဝ ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အလုပ်သမား နှစ်ရာ ကျော်ထဲက ၂၅
ဦးဟာ အာဟာရ ပြတ်လပ်ပြီး သတိလစ်မေ့မျော သွားတာကြောင့် မနေ့ညကစလို့
ရွှေပြည်သာ ဆေးရုံနဲ့ အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။









