ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင်
နတ်ကျောက်ဆိုးရီမြို့နယ်မှ ရခိုင်မိသားစု ၄ စု သည် ယခု ရက်ပိုင်း အတွင်း
မြန်မာဘက်သို့ ပြောင်းရွေ့သွားကြောင်း သတင်း ရရှိသည်။
Saturday, October 06, 2012
ဂီတ အစည်းအရုံးသစ်ရဲ့ ပွင့်ပွင့်လင်းလင်း အကြွေးစာရင်း
လက်ရှိ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ဂီတအစည်းအရုံးသစ်ရဲ့ ပထမဆုံး လုပ်ဆောင်ချက်ကတော့ ရရန်ရှိ အကြွေးစာရင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။
ပြည်တွင်း FM ရေဒီယိုလိုင်းတွေကနေ ဂီတအစည်းအရုံးကို တေးသီချင်း အသုံးပြုခွင့်အနေနဲ့ ငွေကျပ် သိန်းထောင်နဲ့ချီပြီး အကြွေးပေးဖို့ ကျန်နေတယ်လို့ သိရပါတယ်။
ဒီလို အကြွေးကျန်နေတဲ့ FM တွေထဲက အများဆုံးဖြစ်တဲ့ မန္တလေး FM ကတော့ ကျပ်သိန်းပေါင်း ၁၇၄၀ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လာဆပ်သွားပြီလို့ ဂီတအစည်းအရုံး စည်းရုံးရေးမှူးဖြစ်တဲ့ အဆိုတော် သားစိုးက ဧရာဝတီကို ပြောပါတယ်။
ကချင်ရိုးရာယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးရုံး မိုင်ဂျာယန်တွင်ဖွင့်
တရုတ်ပြည်နယ်စပ်နှင့်ထိစပ်နေသော
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ကချင်တပ်မဟာ(3) ထိန်းချုပ်ရာနယ်မြေ
မိုင်ဂျာယန်မြို့တွင် ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူလူထုပူးပေါင်းပါ0င် သည့် “Kachin
International Trading and Cultural Exchange Society (KITCES)”
အဖွဲ့ရုံးခန်းကို အောက်တိုဘာ 6 ရက် ယနေ့ဖွင့်လှစ်သည်ဟုသတင်းရရှိသည်။
“ ကချင်အမျိုးသားယဉ်ကျေးမှု မပပျောက်ရေး ၊ ဘိန်းပပျောက်ရေး၊ ဒုက္ခသည် တွေ စားဝတ်နေရေး နဲ့ ပညာတတ်မြောက်ရေး စတဲ့ ကချင်ပြည်သူတွေရဲ့အကျိုး ကိုအဓိက လုပ်ဆောင်သွားမယ်” ဟု KITCES ဥက္ကဌ ဦးဓါမျှာမောရှေ (Da Mya Maw She)က ပြောပြသည်။

