Saturday, September 22, 2012
ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးကော်မရှင် ပထမအကြိမ် စုံစမ်းမှုပြီးဆုံး ကမံလူမျိုးများအဖြစ် ဖောင်းပွနေသော ဘင်္ဂါလီလူမျိုးများ တွေ့ရ
22 September 2012
ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးအတွက်
ကော်မရှင်အဖွဲ့ဝင် ၂၇ ဦးဖြင့်
ဖွဲ့စည်း
ထားသော စုံစမ်းရေးကော်မရှင်၏ ပထ
မ အကြိမ် ၃ ရက်တာ
ရခိုင်ပြည်နယ်အတွင်း စုံစမ်းရေးခရီးမှာ ပြီးဆုံးသွားပြီဖြစ်ကာ
စုံစမ်းစစ်ဆေး
မှုပြု လုပ်ရာတွင် ကမံလူမျိုးနှစ်ဦးက ထောက်ခံလျှင်ဘင်္ဂါလီလူမျိုးတစ်ဦး ကမံဖြစ်နိုင်သော ယခင်သတ်မှတ်ချက် အရ ကမံလူမျိုးများအဖြစ် ဖောင်းပွနေသော ဘင်္ဂါလီလူမျိုးများကို စုံစမ်းတွေ့ရှိခဲ့ရကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဦးအေးမောင်က ပြောသည်။
မည့်သည့်တပ်ဖွဲ့ နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော
22 September 2012
ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ်
ကာလဖြစ်သဖြင့် တမြေတည်းနေ
တရေတည်းသောက်လာသည့် ညီအကိုမောင်နှမများအပေါ် သျှမ်းပြည်
တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံးဝ မရှိကြောင်း
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။
“ အစီအစဉ်ချပြီး သွားတိုက်တယ်ဆိုတာ လုံးဝ မရှိပါဘူး။ အရင်တုန်းက ရန်သူလို့ သတ်မှတ်တဲ့ မြန်မာ စစ်တပ်နဲ့ တောင်အပစ်ရပ်ခဲ့ပြီးပြီဘဲ။
လူ ၁၆ ဦးသေဆုံးခဲ့သည့် ပါကစ္စတန်မှ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု
22 September 2012

ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း အဓိကရုဏ်းများေ ကြာင့် လူ ၁၆ ဦးသေဆုံးပြီး၁၉၅ ဦးဒဏ်ရာရရှိကြောင်းတာဝန်ရှိသူများက ပြောကြားသည်။
အဆင့်မြင့်ထောက်လှမ်းရေးအရာရှိများနှင့် နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်ရန်ကျန်ရှိ
22 September 2012

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း
ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး
22 September 2012
ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦးသည် ယနေ့ (စက်တင်္ဘာလ ၂၁ ) ရက်နေ့ နံနက်က အချုပ်ခန်းကို ဖေါက်ပြီး ထွက်ပြေး လွှတ်မြောက်သွားကြောင်း သတင်း ရရှိသည်။ ဦးကျော်မောင်ချေအား သတ်ဖြတ်သည့် စွပ်စွဲချက်ဖြင့် ကျောက်တော် မွတ်ဆလင် ပိုက်သည်ရပ်မှ ဖမ်းဆီးခံထားရသူ (၇) ဦး ရှိရာ ထိုအထဲမှ (၂) ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့
22 September 2012
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော
စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့ရာ
၁။တစ်နိုင်ငံလုံးရှိ စစ်ပွဲများချွင်းချက်မရှိ ရပ်တန့်ရန်။
၂၊စစ်ပွဲများရပ်တန့်ရေးအတွက် နိုင်ငံတော်သမ္မတက လက်တွေ့တာဝန်ခံဆောင်ရွက်ရန်။
၃။စစ်ပွဲများရပ်တန့်ရန် လွတ်တော်အရပ်ရပ် မှ သဘောထားကြေငြာချက်ထုတ်ပြန်ပေးရန်။
၎။ကာကွယ်ရေးဦးစီးချုပ်မှ စတင်ပြီးစစ်ပွဲများရပ်တန့်စေရေးအမိန့်ထုတ်ပြန်ရန်နှင့် သက်ဆိုင်ရာလူမျိုးစု
၁။တစ်နိုင်ငံလုံးရှိ စစ်ပွဲများချွင်းချက်မရှိ ရပ်တန့်ရန်။
၂၊စစ်ပွဲများရပ်တန့်ရေးအတွက် နိုင်ငံတော်သမ္မတက လက်တွေ့တာဝန်ခံဆောင်ရွက်ရန်။
၃။စစ်ပွဲများရပ်တန့်ရန် လွတ်တော်အရပ်ရပ် မှ သဘောထားကြေငြာချက်ထုတ်ပြန်ပေးရန
၎။ကာကွယ်ရေးဦးစီးချုပ်မှ စတင်ပြီးစစ်ပွဲများရပ်တန့်စေရေးအမိန့်ထုတ်ပြန်ရန်နှင့် သက်ဆိုင်ရာလူမျိုးစု
လက်နက်ကိုင် ခေါင်းဆောင် များမှလည်း စစ်ပွဲရပ် အမိန့်ထုတ်ပြန်ပေးရန်။
၅။တရားရေးနယ်ပယ်မှ စစ်ပွဲဒေသများတွင် တရားဥပဒေစိုးမိုးရေးတွင်
ပါဝင်ဆောင်ရွက်ရန်တို့ဖြစ်သည်။
၅။တရားရေးနယ်ပယ်မှ စစ်ပွဲဒေသများတွင် တရားဥပဒေစိုးမိုးရေးတွင်
ပါဝင်ဆောင်ရွက်ရန်တို့ဖြစ်သည်။
Friday, September 21, 2012
"ရိုဟင်ဂျာ" ဟူသော အသုံးအနှုန်းရပ်တန့်ပေးပါရန်
မြတ်ဆုဝေ (သံတွဲ)
သို့
ပြည်တွင်း ပြည်ပ၌ရှိသော ရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာပြည်ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် သတင်းမီဒီလောက၌ဖြတ်သန်းနေကြသော တိုင်းချစ်၊ ပြည်ချစ် ပုဂ္ဂိုလ်များအား အသိနှင့်သတိရှိစေရန် မေတ္တာရပ်ခံလိုပါသည်။
မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သလို ကိုယ်ပိုင် ရိုးရာ၊ဘာသာစကား၊ ယဉ်ကျေးမှုများကို ပိုင်ဆိုင်သည့် တိုင်းရင်းသား
လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်ကို မေ့မေ့လျှော့လျှော့၊ ပေါ့ပေါ့ဆဆ မနေကြရန် တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံတွင် ခက်အဆက်ဆက်၊ စနစ်အဆက်ဆက် အုပ်ချုပ်လာခဲ့သော အစိုးရများ၏အားနည်းချက်ကို အခွင့်ကောင်းယူလျှက်၊ လူ့အခွင့်အရေးဟူသောဆောင်ပုဒ်အောက်မှ ကိုယ်ပိုင်အခွင့်အရေးအဖြစ်
သို့
ပြည်တွင်း ပြည်ပ၌ရှိသော ရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာပြည်ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် သတင်းမီဒီလောက၌ဖြတ်သန်းနေကြသော တိုင်းချစ်၊ ပြည်ချစ် ပုဂ္ဂိုလ်များအား အသိနှင့်သတိရှိစေရန် မေတ္တာရပ်ခံလိုပါသည်။
မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သလို ကိုယ်ပိုင် ရိုးရာ၊ဘာသာစကား၊ ယဉ်ကျေးမှုများကို ပိုင်ဆိုင်သည့် တိုင်းရင်းသား
လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်ကို မေ့မေ့လျှော့လျှော့၊ ပေါ့ပေါ့ဆဆ မနေကြရန် တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံတွင် ခက်အဆက်ဆက်၊ စနစ်အဆက်ဆက် အုပ်ချုပ်လာခဲ့သော အစိုးရများ၏အားနည်းချက်ကို အခွင့်ကောင်းယူလျှက်၊ လူ့အခွင့်အရေးဟူသောဆောင်ပုဒ်အောက်မှ ကိုယ်ပိုင်အခွင့်အရေးအဖြစ်
အမေရိကန်သမ္မတအိုဘားမားနှင်.မြန်မာသမ္မတဦးသိန်းစိန် တို.ရှေ.အပတ် ကုလညီလာခံတက်ရောက်မည်ဖြစ်သော်လည်း တွေ.ဆုံရန်အစီအစဉ်မရှိ
ရှေ.အပတ် နယူးယာက်တွင်ပြုလုပ်မည်. ကုလသမဂ္ဂ အထွေထွေညီလာခံကိုအမေရိကန် သမ္မတဘားရက် အိုဘားမားနှင်. မြန်မာသမ္မတဦးသိန်းစိန် တို.တက်ရောက်ကြမ ည်ဖြစ်သော်လည်း၊ ၄င်းတို.နှစ်ဦးတွေ.ဆုံနိုင်ရန်အလားလာမရှိဟု သိရသည်။
သမ္မတအိုဘားမားနှင်. မရိကန်သို.နှစ်ပတ်ကြည်အလည်အပတ်ခရီးရောက်ရှိနေသော မြန်မာ.ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို. သည်အမေရိကန်ဝါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်ရုံးခန်း၌ ယမနေ.ကတွေ.ဆုံခဲ.ကြသည်။ ယခုကဲ.သို.အလားတူ သမ္မတအိုဘားမားနှင်.သမ္မတ၏ဦးသိန်းစိန်တို. ကုလသမဂ္ဂညီလာခံတက်ရောက်စဉ်တွင် တွေ.ဆုံနိုင်စရာအလားအလာမရှိကြောင်း အမည်မဖော်လိုသူ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးအားကိုးကား၍ အမေရိကန်ထုတ်
ရခိုင်ပြည်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက လုံးဝသည်းခံမည် မဟုတ်ဟု ဒေါက်တာအေးမောင် သတိပေး
ရခိုင်ပြည်နယ်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက အနောက်ဖက် တံခါးကို စောင့်ရှောက်နေသော ရခိုင်တိုင်း
ရင်းသားများ အနေဖြင့် လုံးဝ သည်းခံမည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။
"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင်
“ပွဲက အခုမှ စတာလို့ မြင်တယ်” – နှစ်ကျွန်းကျ ဦးရွှေထူးနှင့် အင်တာဗျူး
ပညာရေး ၀န်ထမ်း ကျောင်းဆရာဟောင်း ဦးရွှေထူး(ခ) ဦးအောင်ဇေယျ သည် ၁၉၈၈ ခု ဒီမိုကရေစီ တောင်းဆိုမှုတွင် တက်ကြွစွာပါဝင် ခဲ့ သည့်အတွက် ပထမအကြိမ် ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိယအကြိမ် နိုင်ငံတော် ပုန်ကန်မှု၊ လက် နက်မှု စ သည့် အမှုများဖြင့် တသက်တကျွန်း နှစ်ခါကျကာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အကျဉ်းထောင်မှ ယမန်နေ့ည ၁၁နာရီခန့်တွင် ပြန်လည် လွတ် မြောက်လာခဲ့သည်။
၎င်းသည် မန္တလေးဇာတိဖြစ်ပြီး မြန်မာ့ တပ်မတော်မှ တပ်မဟာ(၁၃) တပ်မင်းကြီးဟောင်း ဗိုလ်မှူးကြီး ဘဖြူ ၏ ဒုတိယ မြောက် သား ဖြစ် သည်။
လွတ်မြောက်လာသည့် ဦးရွှေထူးကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ထောင်တွင်းအခြေအနေနှင့်
ရခိုင်လယ်သမား လင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့် တိုက်ခိုက်
ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်း အမှတ်(၆)ရပ်ကွက် လေးမိုင်အပိုင် ရွာသာယာကျေးရွာသား တဦး မှာသေနတ် ဒဏ်ရာဖြင့် မောင်တောဆေးရုံသို့ ရောက်ရှိနေ ကြောင်းသတင်း ရရှိသည်။
သေနတ်ဒဏ်ရာနှင့် ဆေးရုံသို့ရောက်နေသူမှာ အသက် ၅၀ကျော်ရှိ ဦးအောင်လှဖြူဖြစ်ပြီး အခင်းဖြစ်ပွားသည့် လယ်တဲက ဇနီးဖြစ်သူ အသက် ၅၀ ၀န်းကျင်ရှိ ဒေါ်မအောင်စိန်မှာ ထွက်ပြေးလွတ်မြောက် သွားသည်ဟုဆို သည်။
“ခုဆေးရုံကို ရောက်နေတဲ့ ဦးအောင်လှဖြူမှာ ခေါင်းမှာဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ခဲကျည်တွေခေါင်းမှာ တွေ့တယ်။ ခွဲစိတ်ကုသဖို့အတွက် ခုဘူးသီးတောင် ဆေးရုံကို ယူဖို့ပြင်နေတယ်“ ဟုကိုယ် တိုင်သွားရောက် ကြည့်ရှုသူ ဦးမောင်ခိုင် က ရွှေမြန်မာမီဒီယာဂရု သို့ 
ပညာရေး ကင်းထောက်အဖွဲ့များ ပြန်ဖွဲ့မည်
အခြေခံကျောင်းတွေမှာ ၁၉၆၂ ခုနှစ် မတိုင်ခင်က ရှိခဲ့တဲ့ ကင်းထောက်အဖွဲ့တွေ ပြန်လည် ဖွဲ့စည်းတော့မှာဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက် နေပြည်တော် ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ၀န်ကြီး ဒေါက်တာမြအေးက ပြောပါတယ်။
ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းတဲ့သူတွေ ဖြစ်လာစေဖို့၊ မိမိရပ်ရွာတွေရဲ့ လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်နိုင်စေဖို့ အခုလို ဖွဲ့စည်းရတာလို့ ပညာရေးဝန်ကြီးက ပြောပါတယ်။
၁၉၆၂ မတိုင်ခင် စာသင်ကျောင်းတွေမှာ ရှိခဲ့တဲ့ ကင်းထောက်အဖွဲ့ (boy scout) ဆိုတာကတော့ ကိုယ့်ဘာသာကိုယ် ရပ်တည် ရှင်သန်နိုင်ရေးအတွက် လေ့ကျင့်ပေးတာ၊ တောတောင်တွေထဲ
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများ ပြုလုပ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ ရက် အထိမ်းအမှတ် အနေဖြင့် ကမ္ဘာလှည့် ကျောပိုးအိတ် ခရီးသွား အစ္စရေး နိုင်ငံသား သုံးဦး နှင့် ပလေးဘွိုင်း တီးဝိုင်းအဖွဲ့မှ ဂစ်တာသမား ရစ်ချတ်တို့ က ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေ ဘုရား လမ်း အနီး လမ်းဘေး ဂစ်တာဝိုင်း ပြုလုပ်၍ အလှူခံမည်ဖြစ်ပြီး အလှူခံရရှိငွေများကို ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း The Voice ဖေ့စ်ဘုတ်တွင် ရေးထားသည်။ နံနက်ပိုင်း ၁၀ နာရီ ၀န်းကျင်မှ စတင်၍ ရာနှင့်ချီသော လူများက ရန်ကုန်မြို့တွင်း၌ ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက် လှုပ်ရှားမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ ကချင် စစ်ပွဲများရပ်တန့်ရန် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးစီး၍ ငြိမ်းချမ်းစွာ ဆန္ဒပြမည့်အဖွဲ့အား ပြည်သူ့ရင်ပြင် ကားမှတ်တိုင်အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပိတ်ပင်တားဆီးမှုများ ပြုလုပ်သည်ဟုလည်း ဆိုသည်။
from - Irrawaddy
ထိန်းသိမ်း ခံနေရသော ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနိုင်ငံမှ ပန့်ခ်ဂီတအဖွဲ့ Pussy Riots ၏ အဖွဲ့ဝင်များအား ထိန်းသိမ်းထားရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ယခု တောင်းဆိုမှုကို လူငယ် ၃၀၀ ခန့်နှင့် တွေ့ဆုံပွဲတစ်ခု၌ မေးခွန်းတစ်ခုကို ပြန်လည်ဖြေဆိုရင်း ပြောခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ်တစ်ဦးက Pussy Riots အဖွဲ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က
အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ယခု တောင်းဆိုမှုကို လူငယ် ၃၀၀ ခန့်နှင့် တွေ့ဆုံပွဲတစ်ခု၌ မေးခွန်းတစ်ခုကို ပြန်လည်ဖြေဆိုရင်း ပြောခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ်တစ်ဦးက Pussy Riots အဖွဲ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က
ငြိမ်းချမ်းရေးတောင်းဆိုမှာကို အစိုးရကြောက်နေသလား
အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးမျိုးအောင် က နေပြည်တော်ကို မတက်ကြဖို့ သတိပေးနေတာပါ၊ ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ
"ကျော်ခ"
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်ရေးနေ့မှာ ရန်ကုန်မှာရှိတဲ့ လူမှုကွန်ရက် အဖွဲ့အစည်းတွေ က ပြည်တွင်းစစ်ရပ်စဲဖို့ အတွက် ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ နေပြည်နော်နဲ့ ရန်ကုန်မှာ လုပ်ဖို့ ခွင့်တောင်းတာကို နေပြည်တော်နဲ့ ရန်ကုန်က အာဏာပိုင်တွေက ခွင့်မပြုပါဘူး။
ငြိမ်းချမ်းရေးအတွက်တောင်းဆိုတာကို ခွင့်မပြုချင်တာဘာကြောင့်လည်းဆိုတာတော့ မပြောတတ်ပေမယ့်၊ မန္တလေးမှာ အရှင်ဝီရသူတို့ လုပ်တဲ့ “သမ္မတကိုထောက်ခံ ဆန္ဒပြပွဲ”ကိုတော့ ကြည်ကြည်ဖြူဖြူခွင့်ပြုထား
မြန်မာရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး မဲဆောက်တွင် ဆွေးနွေး
ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Centara Mae Sot Hill Resort ဟိုတယ်တွင် ထိုင်းလူ့အခွင့်အရေးမှ ဦးဆောင်၍ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ပေးရေး အဖွဲ့များ ယနေ့တွေ့ဆုံကာ ရွှေ့ ပြောင်းအလုပ်သမားများ တရားမျှတမှုရရှိရေးအတွက် ဆွေးနွေးပွဲခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ထိုင်းလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာနနှင့် တရားမျှတမှုဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဖိထရာကျီရာ ၀တ်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူများ၊ မဲဆောက်ရဲစခန်း ဒုတိယအရာရှိနှင့် တရားသူကြီး၊ မယ်လမရဲစခန်း
ဆွေးနွေးပွဲတွင် ထိုင်းလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာနနှင့် တရားမျှတမှုဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဖိထရာကျီရာ ၀တ်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူများ၊ မဲဆောက်ရဲစခန်း ဒုတိယအရာရှိနှင့် တရားသူကြီး၊ မယ်လမရဲစခန်း
ငြင်းပယ်ခံခဲ့ရသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဆန္ဒထုတ်ဖော်မည်
စက်တင်ဘာလ (၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် တောင်းခံစာကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ငြင်းပယ်စာထုတ်ပြန်ခဲ့သော်လည်း စီတန်းလှည့်လည်မည့် အစီအစဉ်မှာ ပျက်ပြယ်သွားမည် မဟုတ်ကြောင်း ကချင်ငြိမ်းချမ်းရေး
ကွန်ယက်မှ ကိုဂျော်ဂွန်းက ဆိုသည်။
“ဘယ်လိုပဲကန့်ကွက် ကန့်ကွက် ကျွန်တော်တို့အစီအစဉ်ပျက်မှာ မဟုတ်ပါဘူး၊ ဆက်ပြီး ဆန္ဒပြမှာပါ “ ဟု
သားအမိနှစ်ဦးကို ကားဖြင့် တိုက်မိခဲ့သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ပေါ်တွင် စက်တင်ဘာ ၉ ရက်နေ့ည ၉နာရီ ၃၀မိနစ်တွင် သားအမိနှစ်ဦးအား တိုက်မိခဲ့သော ယာဉ်မောင်းနှင့် မော်တော်ယာဉ်အားအား ၁၀ရက်ကြာသည် အထိ ဖမ်းဆီးနိုင်ခြင်း
မရှိသေးကြောင်း ယင်းအမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးစိန်ထွန်းက The Voice Weekly သို့ပြောကြားသည်။
ယင်းနေညတွင် ဒေါ်ရီရီမြင့်သက် ၄၀ နှစ်သည် သားဖြစ်သူ မောင်ပြည့်စုံကျော်နှင့်
ယင်းနေညတွင် ဒေါ်ရီရီမြင့်သက် ၄၀ နှစ်သည် သားဖြစ်သူ မောင်ပြည့်စုံကျော်နှင့်
အတူ ၎င်းတို့ နေထိုင်ရာ အမှတ် ၂ ရပ်ကွက်မှ နေ၍ အမှတ် ၁ ရပ်ကွက်သို့
ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

ဘူးသီးတောင်မြို့နယ်အတွင်းရှိ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်ပွဲတခုတွင် ရိုးရာ
တူရိယာများနှင့်အတူ တွေ့ရသော မြို ၊ ခမီး တိုင်းရင်းသား တချို့(ဓာတ်ပုံ –
Van Dhammika facebook မှ)
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဘူးသီးတောင်၊
မောင်တောမြို့နယ်အတွင်းမှ တိုင်းရင်းသား ကျေးရွာ ၁၀၀ ကျော်တွင် ဆန်
ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဆန် ရှားပါးပြတ်လပ်နေသည့် ကျေးရွာများသည် ဘူးသီးတောင်မြို့နယ်အတွင်းမှ
ကျေးရွာ ၁၅၀
စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများပြား
တောင်ကုတ်နှင့် မာန်အောင်မြို့နယ်က လယ်သမားများအား စိုက်ပျိုးစရိတ်
ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများ ရှိနေသဖြင့် မကျေနပ်သူများ၏ တိုင်ကြားမှု
များပြားလာကြောင်း သတင်းရရှိသည်။
လယ်သမားများအရေး ဆောင်ရွက်ပေးနေသူ တောင်ကုတ်မြို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ
ဦးစိုးချစ်မောင်က “ကျနော်တို့ တောင်ကုတ်မြို့နယ်မှာ စိုက်ပျိုးစရိတ်
ချေးတဲ့အခါမှာ ငွေဖြတ်ယူတာတွေ ရှိတော့ မကျေနပ်လို့ ဒီရက်ပိုင်းအတွင်း
အုပ်စု သုံးခုက
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ရဲတပ်ဖွဲ့မှ လမ်းကြောင်း ပိတ်တားမြစ်
ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ အဖွဲ့ဝင် ၁၀၀ ကျော်ခန့်အား ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ ခန့်က ပြည်သူ့ရင်ပြင်နှင့် မြေနီကုန်း ကားမှတ်တိုင်ရှေ့တွင် လမ်းကြောင်း ပိတ်တားမြစ်လိုက်သဖြင့် ပြည်သူ့ရင်ပြင်ရှေ့တွင် ဆက်လက်သွားလာ၍ မရတော့ကြောင်းနှင့် တပ်ဖွဲ့ဝင်များက သတိပေး တားမြစ်နေကြောင်း သိရှိရသည်။
ကွန်ယက်အဖွဲ့ဝင် အမျိုးသမီးငယ်များမှာ ကိုင်ဆောင်လာသည့် ပန်းစည်းများအား ရဲတပ်ဖွဲ့ဝင်များနှင့် နံနက်ခင်း လမ်းလျှောက်သူများထံ ငြိမ်းချမ်းရေး ပန်းပွင့်များ ကမ်းလှမ်း နေကြောင်း သိရှိရသည်။
from - Eleven Media Group
ကွန်ယက်အဖွဲ့ဝင် အမျိုးသမီးငယ်များမှာ ကိုင်ဆောင်လာသည့် ပန်းစည်းများအား ရဲတပ်ဖွဲ့ဝင်များနှင့် နံနက်ခင်း လမ်းလျှောက်သူများထံ ငြိမ်းချမ်းရေး ပန်းပွင့်များ ကမ်းလှမ်း နေကြောင်း သိရှိရသည်။
from - Eleven Media Group
" မြန်မာလူငယ်များကြား စိတ်ကြွဆေးသုံးစွဲမှုမြင့်တက် "
မြန်မာလူငယ်များအတွင်း စိတ်ကြွဆေးသုံးစွဲမှု မြင့်မားလာနေပါသည်။ခံစားနေရသည့်
စိတ်ဖိစီးမှုများ ပြေပျောက်ရန်၊ လိင်ပိုင်းဆိုင်
ရာ စွမ်းဆောင်ချက် မြင့်တက်စေရန်၊ အလုပ်
လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊
နိုက်ကလပ်များတွင် ပိုမိုပျော်ပါးနိုင်ရန်၊ သူငယ်ချင်းများ အညွှန်းကောင်းသည့်
အတွက် စမ်းသပ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လူငယ်ထုအတွင်း
စိတ်ကြွဆေးအမျိုးမျိုး သုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။
Methampetamine (မီသမ်ဖီတာမင်း)ဟုခေါ်သည့် စိတ်ကြွဆေးသုံးသော အသက်
ဂျူလီယန် အက်ဆန် ငြိမ်းချမ်းရေး ရွှေတံဆိပ်ဆုရ
ဓာတ်ပုံ - Reutersဝီကီလိခ်စ်ကို တည်ထောင်သူ အငြင်းပွားဖွယ် ပုဂ္ဂိုလ် ဂျူလီယန် အက်ဆန်ကို ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက ရွှေတံဆိပ်ဆု ချီးမြှင့်လိုက်ပါတယ်။ “လူ့အခွင့်အရေးအတွက် ရဲရင့်စွာ လုပ်ဆောင်မှု” ကြောင့် ဆုချီးမြှင့်တာလို့ သိရပါတယ်။
အက်ဆန်းက ဆုကို လန်ဒန်ရှိ ဖရွန့်လိုင်း ကလပ်မှာ အကျဉ်းသဘောလောက်ပဲ ဆုလက်ခံပွဲ
မြန်မာ့ပြုပြင်ပြောင်းလဲမှု အမေရိကန်အစိုးရ ကူညီမည်
မနေ့က
အမေရိကန် လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က
အမေရိကန် ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေကို ကျေးဇူး တင်ရှိကြောင်း
ပြောခဲ့ပါတယ်။
AFP
၂၀၁၂
ခုနှစ် စက်တင်ဘာလ ၁၉ ရက်က အမေရိကန် သမ္မတအိမ်ဖြူတော်တွင် သမ္မတ
အိုဘားမားနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံ ဆွေးနွေးနေစဉ်။
မြန်မာပြည်သူတွေ
တောင့်တနေကြတဲ့ ဒီမိုကရေစီ အရေးအတွက် တည်ကြည်ခိုင်မာတဲ့ လုံ့လနဲ့
ကူညီခဲ့တဲ့
ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းအဆိုး ကတော့ ဒွန်တွဲနေပါတယ် သက်မွန်မြင့်
အနုပညာ
လောကထဲမှာ အောင်မြင်မှုနဲ့ အတူ ထိပ်တန်း ရောက်လာတဲ့ သရုပ်ဆောင်
သက်မွန်မြင့်ရဲ့ အောင်မြင်မှု ကိုယ်ပိုင်ဒဿန အချို့ကတော့ “အောင်မြင်မှု
ဆိုတာနဲ့ ပတ်သက်ပြီး သက်မွန်သိပ်ပြီးတော့ တွေးမထားပါဘူး။ သက်မွန် အဓိက
တွေးထားတာကတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင်
ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုပဲ တွေးထားတယ်။
အောင်မြင်မှုရတယ်၊
မရဘူး၊ နေရာရတယ်၊ မရဘူးဆိုတာက ကံတရားပေါ့နော်။ အဓိက ကိုယ်လုပ်တဲ့
အလုပ်ကို အကောင်းဆုံးဖြစ်ဖို့ တွေးထားတယ်။ အဲဒီအပေါ်မှာမှ ပရိသတ်ကပေးတဲ့
နေရာပေါ့နော်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ်ရဲ့ ကာရိုက်တာဇာတ်ကောင်
ရသေ့တောင် ရခိုင်လူထု စည်းဝေးပွဲ အာဏာပိုင်များမှ ကန့်သတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ရခိုင်ဒေသ လူထုအစည်းအဝေးကို မြို့နယ် အာဏာပိုင်များက ကန့်သတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
မြို့နယ် အာဏာပိုင်များက ကန့်သတ်ရာတွင် လူထု စည်းဝေးပွဲအား နှစ်ရက် တိတိ ပြုလုပ်ရန် စီစဉ် ထားခြင်းကို တစ်ရက်တည်းသာခွင့်ပြုပြီး ဟောပြောမည့် သူများနှင့် တက်ရောက်မည့် အရေ အတွက် ကိုလည်း ကန့်သတ်ထားသည်ဟု လူထု အစည်းအဝေး ဖြစ်မြောက်ရေး ကော်မီတီဝင် ဦးကိုကိုမောင်က
ရခိုင် ပါတီ ၂ ခု ပေါင်းစည်းရေး ALD မှ RNDP ကို ကမ်းလှမ်းပြီ
ပါတီ နှစ်ခု တပါတီ အဖြစ် ပေါင်းစည်းရေး အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ရခိုင် ပါတီကြီး နှစ်ခု ပူးပေါင်းရေး အတွက် ယခုလ ၁၅ ရက်နေ့က စာရေး ကမ်းလှမ်းလိုက်ခြင်း ဖြစ် သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးအေးကျော်က နိရဉ္စရာသို့ ပြောသည်။
“ ရခိုင် ပြည်သူတွေက ပါတီ (၂) ခု ဖြစ်လာတာကို မကြိုက်ကြဘူး။ နှစ်ပါတီဆိုရင် မကောင်း၊ တစ်ပါတီတည်း ဖြစ်စေချင်တယ် လို့ တောင်းဆိုလာကြပါတယ်။ ကျွန်တော်တို့က မှတ်ပုံတင် မကျခင် ကတည်းကပင် နှစ်ပါတီ ဖြစ်ပေါ်လာရင် ရခိုင် ပြည်သူတွေဟာ ဘယ်သူ့ကို အဖေခေါ်ရမလဲ ဆိုပြီး မေးခွန်းတွေ
Thursday, September 20, 2012
မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ
အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာ ကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများ ကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာနောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသ များရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်
၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး ပြီးမြောက်ရန် မဖြစ်နိုင်ဟု တိုင်းရင်းသားခေါင်းဆောင် များပြော
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး၂၀၁၅ မတိုင်မီ ပြီးစီးလုပ်ဆောင်ရမည်ဟူသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြောကြားချက်အပေါ် “မဖြစ်နိုင်ဟု” ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားကြောင်း သိရှိရပါသည်။

“တိုင်းရင်းသားခေါင်းဆောင်တွေက အစိုးရက ၂၀၁၅ ရွေးကောက်ပွဲတိုင်ခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အပြီးလုပ်ဆောင်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုလုပ်ရင် အစိုးရခင်းထားတဲ့ အကွက်ထဲဝင်ပြီပေါ့။ ဆွေးနွေးတာဟာ ၃ နှစ်တည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ဘူး။ ပြီးရင်လည်း ပထမအဆင့်ပေါ့။ ဒါကြောင့် အချိန်အတွက် နှစ်ဦး နှစ်ဖက် ဆွေးနွေးပြီး သဘောတူညီချက် ရယူရမယ်လို့ ပြောတယ်” ဟု ညီလာခံ
မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွှဲမှားနေ
ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍ စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်း သိရှိရပါသည်။
စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - ‘ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင်မှားလို့ ကျနော့်ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က ‘Cause I planned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ် ၁၃ ဦးကို မဲခေါင်မြစ်
မြန်မာရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး မဲဆောက်တွင် ဆွေးနွေး
ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Centara Mae Sot Hill Resort ဟိုတယ်တွင် ထိုင်းလူ့အခွင့်အရေးမှ ဦးဆောင်၍ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ပေးရေး အဖွဲ့များ ယနေ့တွေ့ဆုံကာ ရွှေ့ပြောင်းအလုပ်သမားများ တရားမျှတမှုရရှိရေးအတွက် ဆွေးနွေးပွဲခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ထိုင်းလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာနနှင့် တရားမျှတမှုဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဖိထရာကျီရာဝတ်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူများ၊ မဲဆောက်ရဲစခန်း
ဆက်ကြေးများေ ကြာင့် နယ်စပ်ကုန် သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော
မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေးကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး ဆက်ကြေးနှုန်းထား အနိမ့်၊
အမြင့်ရှိသလို မလိုလားအပ်သည့် ကုန်ကျစရိတ်များ လည်း ရှိနေသည့်အတွက်
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယ ကုန်စည်များ
ဈေးကွက်မထိုးဖောက်နိုင်ကြောင်း နယ်စပ်ကုန်သည်များ အသင်းဝင်
ကုန်သည်ကြီးတဦး က ပြောသည်။
“ကိုယ့်အိမ်က ကိုယ့်မြေကြီးသယ်လည်း နယ်စပ်မှာ ဆက်ကြေးပေးရမှာပဲ။
အခွန်ကတော့
ဗိုလ်ချုပ်ကြီးဟောင်းဦးတင်းဦးပြောခဲ့သည့် ရန်သူမျိုးငါးပါးမှာ ပါတဲ့မင်းဆိုတာ တနေ့ပျောက်သွားရမည့်ဆိုသော စကား
၁၉၆၄
ခုနှစ် ဖေဖော်ဝါရီလက ဖြစ် သည်။ ၃-၃-၆၄နေ့တွင် တောင်ငူခရိုင်
ခပေါင်းကျေးရွာတွင် ကျင်းပမည့် စတုတ္ထ အကြိမ် တောင်သူလယ်သမားနှီးနှောပွဲ
အတွက် ဧရာဝတီတိုင်းအတွင်းရှိတောင် သူလယ်သမားများအား ခေါ်ယူ၍ တိုင်း
ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်မှူးကြီးတစ်ဦးဘ၀ဖြင့်
တိုင်းစည်းဝေး ခန်းမတွင် တောင်သူလယ်သမားများနှင့်
အကြိုနှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပပြုလုပ် ရာတွင် အောက်ပါအတိုင်း
မိန့်ကြားခဲ့ သည်များကို လေ့လာမှတ်သားခဲ့ရပါ သည်။ မိန့်ကြားချက်အချို့ကို
အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား

စက်တင်ဘာ ၁၈ ရက်က United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး
ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း
ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက အမြင်အမျိုးမျိုးဖြင့်
တုံ့ပြန်ကြသည်။
“ဒီကိစ္စကို ကျနော်တို့ ပါတီက ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဒီအပေါ်မှာ ရပ်တည်တယ်ဆိုတော့ ပိုပြီးတော့ အားဖြစ်တာပေါ့။
ကျနော်တို့အားလုံးနဲ့ အတူတူ တိုင်းပြည်အတွက်
လယ်မြေသိမ်းကိစ္စ စုံစမ်းမှုကော်မရှင်ကို ပေါက်မြို့ ဒေသခံများ မကျေနပ်
မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ အစိုးရတပ်က ရွာသားပိုင်မြေတွေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းမှုကော်မရှင်အဖွဲ့က ကွင်းဆင်းစစ်ဆေးရာမှာ အချိန်အနည်းငယ်သာပေးပြီး လူနည်းစုနဲ့ လုပ်သွားတဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေသိမ်းဆည်းရေး စုံစမ်းမှုကော်မရှင်အဖွဲ့က
သူတို့ဒေသကို စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က ရောက်လာခဲ့ပြီး ၁၀
နာရီခွဲမှာ ပြန်သွားတဲ့အတွက် ဒေသခံတွေ တင်ပြချင်တာတွေ မပြောလိုက်ရတဲ့အတွက်
မကျေမနပ်ဖြစ်နေကြတယ်လို့ မကျည်းပင်ပု ရွာသား ၁ ဦးက ပြောပါတယ်။
“ကျနော်က ဆိုင်ကယ်နဲ့သွားတော့ မီလိုက်တယ်။ ကျန်တဲ့လူတွေက
ကုန်းကြောင်းလာတော့
၈၈ မျိုးဆက် အထင်ကရများ နိုင်ငံကူးလက်မှတ် ထုတ်ယူ
(ဓာတ်ပုံများ -ဂျေပိုင်/ဧရာဝတီ)
၈၈မျိုးဆက်ခေါင်းဆောင်များ ဒီကနေ့ နိုင်ငံကူးလက်မှတ် သွားရောက် ထုတ်ယူကြပါတယ်။
နိုင်ငံကူးလက်မှတ်ရရှိဖို့ လုပ်ဖော်ကိုင်ဖက် အားလုံး လျှောက်ထားကြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ
ဂုဏ်ပြုဆုတခု လက်ခံယူဖို့ အစီအစဉ်ရှိခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်သူ
မင်းကိုနိုင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နိုင်ငံကူးလက်မှတ်
ရပြီးပါပြီ။
သို့သော်လည်း ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အစိုးရက
နိုင်ငံကူးလက်မှတ် ထုတ်မပေးသေးတဲ့အတွက်
အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံ
အမိမြေ ငြိမ်းချမ်းရေးမစ်ရှင် ခရီးစဉ်အဖြစ် အင်အား ၄၀ ကျော်ပါဝင်တဲ့ ကိုမိုးသီးဇွန်တို့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းယူခံရပြီး ဖယ်ရှားခံထားရတဲ့ ကျေးရွာ (၅) ရွာကို ဒီကနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့်
အခက်အခဲဖြစ်နေတဲ့ လယ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုကို နိုင်ငံတော်အနေနဲ့
ဖြေရှင်း ဆောက်ရွက်ပေးသင့်တယ်လို့ ရွာသားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာ
ကိုမိုးသီးဇွန်က
“ လှိုင်သာယာရှိ အလှပြင်ဆိုင်တစ်ခုတွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်”
ယနေ့စက်တင်ဘာ ၂၀ ရက်နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ်(ဂ)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ စည်ပင်ဆိုင်ခန်း အမှတ် ၂ တွင် ဖွင့်လှစ်ထားသော တိုနီလေးအလှပြင်ဆိုင်၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။
မီးပူတိုက်နေစဉ် မီးပျက်သွားခဲ့ရာ မီးပလပ်အား မဖြုတ်မိဘဲထားခဲ့ပြီးနောက်
မီးစက်နှိုး၍ လျှပ်စစ်မီးပြန်လည်အသုံးပြုစဉ်၌အပူလွန်ကဲ၍အ၀တ်အစားများ
မီးကျွမ်းခဲ့ပြီး
အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို
မြန်မာလိင် လုပ်သားများအတွက် အခွင့်အရေးနှင့် ထိန်းချုပ်မှုများပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများ အရေးဆောင်ရွက်ပေးနေသူများ ထံက သိရှိရသည်။
လိင်လုပ်သားများအား အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပေးလိုက်ပါက HIV / AIDSပြဿနာများမှာ လျော့နည်းသွားနိုင်ပြီး၊ လျှို့လျှို့ဝှက်ဝှက်ဖြင့် လိင်အလုပ်သမားများလုပ်ဆောင်နေလျှင် တိုင်းပြည်အတွက်ဆိုးရွား သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သိရသည်။
“ဒီ sex worker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေးသင့်သလို့ တဖက်ကလည်း
ငြိမ်းချမ်းရေးသမား ကွန်မန်ဒိုဟောင်းနှင့် အင်တာဗျူး
စက်တင်ဘာလ ၁၇ ရက်နေ့က နောက်ဆုံးထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာမိန့်ဖြင့် အကျဉ်းသား ၅၁၄ ဦးကို အစိုးရက လွှတ်ပေးလိုက်ရာ ၁၉၈၅ ခုနှစ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ကချင်တိုင်းရင်းသား Lခွန်ဖန်နှင့် အရာရှိ တပ်သားတချို့ကို မြစ်ကြီးနား မြို့ပေါ်တွင် လုပ်ကြံခဲ့မှုဖြင့် သေဒဏ်ကျခံရသူ အသက် ၄၉ နှစ်ရှိ ဦးလဖိုင်ဇော်ဆိုင်းလည်း ပါဝင်ခဲ့သည်။ ဦးလဖိုင် ဇော်ဆိုင်းသည်
နီလာစတား စက္ကူစက် အလုပ်သမားများ ဆန္ဒထုတ်ဖော်
ရန်ကုန်တိုင်း
ဒဂုံဆိပ်ကမ်း စက်မှုဇုန် နီလာစတား စက္ကူစက် အလုပ်သမား ၅၀ ဟာ
ဒီနေ့မနက်ပိုင်း သူတို့ရဲ့ရပိုင်ခွင့်တွေကို အလုပ်ရှင်ဆီမှာ ဆန္ဒထုတ်ဖော်
တောင်းဆိုနေကြပါတယ်။
နီလာစတား စက္ကူစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား
၅၀ ၀န်းကျင်လုံးက သူတို့ရဲ့ရပိုင်ခွင့်တွေကို မနေ့က အချက် ၇ ချက်နဲ့
စတင်တောင်းဆိုပြီး ဒီနေ့မှာတော့ အချက် ၄ ချက်နဲ့ တောင်းဆိုနေတာလို့
ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
“အချက် ၄ ချက်က လစာငွေထဲက ၁၀ ရာခိုင်နှုန်းကို ဖြတ်ပြီး စုထားတဲ့ ကိစ္စ၊ အဲဒါကို လုံးဝမစုဘူး၊ အပြည့်အ၀ ကျနော်တို့ကို ပေးဖို့။ နံပါတ် ၂ က ရက်မှန်ကြေးနဲ့ ရှားပါးစရိတ် ၅၀၀၀ စီမှာ ရက်မှန်ကြေး ၅၀၀၀ ကို ရှားပါးစရိတ် ၅၀၀၀ ပေါင်းပေးဖို့။ နံပါတ် ၃ အချက်က ဥပဒေကသတ်မှတ်ထားတဲ့အတိုင်း
“အချက် ၄ ချက်က လစာငွေထဲက ၁၀ ရာခိုင်နှုန်းကို ဖြတ်ပြီး စုထားတဲ့ ကိစ္စ၊ အဲဒါကို လုံးဝမစုဘူး၊ အပြည့်အ၀ ကျနော်တို့ကို ပေးဖို့။ နံပါတ် ၂ က ရက်မှန်ကြေးနဲ့ ရှားပါးစရိတ် ၅၀၀၀ စီမှာ ရက်မှန်ကြေး ၅၀၀၀ ကို ရှားပါးစရိတ် ၅၀၀၀ ပေါင်းပေးဖို့။ နံပါတ် ၃ အချက်က ဥပဒေကသတ်မှတ်ထားတဲ့အတိုင်း
ကြံ့ခိုင်ရေးပါတီ ညီလာခံ ခေါ်ယူမည်
ကြံ့ခိုင်ရေးပါတီ ညီလာခံ ခေါ်ယူမည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို အောက်တိုဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ ဗဟိုဌာနချုပ်ရုံး၌ ကျင်းပမည်ဟု သိရသည်။
အဆိုပါ ပါတီညီလာခံကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် ကြံ့ခိုင်ရေးပါတီ ဒု ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ဦးဆောင်ကာ ကျင်းပမည်ဖြစ်ကြောင်း ပါတီဝင် ဦးအောင်သိန်းလင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ညီလာခံကျင်းပဖို့ ကော်မရှင်တွေဖွဲ့၊ ပါတီကော်မတီတွေ ဖွဲ့ပါတယ်။ မြို့နယ်က ပါတီဝင်လူထုတွေ
သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ရဲ့ သမိုင်းတင်သည့် ရဲရဲတောက်မိန့်ခွန်း
သူမဟာ မိမိရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်ကနေ လျော့မပေးနိုင်ကြောင်းကို ထပ်လောင်း အတည်ပြုလိုက်တာကြောင့် သူမရဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်အရေးအပေါ် ယုံကြည်ချက်ကို ချီးကျူးထောပနာ ပြုသင့်လှပါတယ်။ ဒီလို တစ်ယောက်တစ်လေက ဦးဆောင် ပြောဆိုတာကို ကြားရတော့
ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် လူတစ်သောင်းခန့် ပြောင်းရွှေ့ရမည်ဟု အီတာလျံ-ထိုင်း ကုမ္ပဏီကြေညာ
ရွှေယင်းမာဦးနှင့်သတင်းဌာနများ အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့်လူဦးရေမှာ ၁၀,၀၀၀
ခန့်ရှိမည်ဟု အဆိုပါစီမံကိန်းကို လုပ်ဆောင် နေသော ထိုင်းနိုင်ငံ အခြေစိုက်
အီတာလျံထိုင်းကုမ္ပဏီက ဇွန်လ ၈
မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းမှုအတွင်း
နေအိမ်များ မီးရှို့ခံရသည့် အ တွက် မောင်တောမြို့ပေါ်တွင်
လာရောက်ခိုလှုံနေကြသည့် ဒုက္ခသည်များကို မကြာသေးမီက နေ ရပ်ကို
ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဆရာတော် မဏိသာရ ပြောကြားသည်။
“ ဦးဇင်း ကျောင်းကတော့ အိမ်ထောင်စု ၈၂ စု၊ အထက်တန်းကျောင်းမှာ
ခိုလှုံနေတဲ့ အိမ်ထောင်
ဖားကန့်မြို့နယ်ရှိ ကျေးဇူးတော် ကိုယ်ပိုင် သင်တန်းကျောင်း မြစ်ကြီးနားမြို့သို့ စတင်ပြောင်းရွှေ့နေ
ဖားကန့်မြို့နယ်ရှိ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများ တက်ရောက်သင်ကြားနေသည့် ကျေးဇူးတော် ကိုယ်ပိုင် သင်တန်းကျောင်း သည် မြို့တွင်း စစ်ပွဲများ မငြိမ်သက်မှုများကြောင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ဖားကန့်မြို့သို့ သွားရောက် သတင်းရယူနေသည့် Eleven Media Group မှ သတင်းထောက်မှ သတင်း
aပးပို့ခဲ့သည်။
from -eleven media group
SME များ အတိုးနှုန်းသက်သာစွာ ငွေချေးနိုင်ရန် ဆောင်ရွက်ပေးတော့မည်
“SME အတွက် အတိုးနှုန်း သက်သာမှ SME ဖွံ့ဖြိုးမယ်။ ဒီဘက်ကို
နိုင်ငံပိုင်ဘဏ် အဖြစ် ထားဖို့ စဉ်းစားနေတယ်။
ZTEသည် Mozillaက စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်း အသစ်အား ရောင်းချသွားမည်
တရုတ်မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ ZTEသည် Mozillaက စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်း အသစ်အား ရောင်းချသွားမည်ဟု သိရသည်။ Firefox OSကို အသုံးပြုထားသည့် ဖုန်းအသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက် ထဲ ဖြန့်ချီရန် ZTEကစီမံကိန်း ရေးဆွဲထား သည်။ ZTE၏ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ်ဒီရှူက ယခုကိစ္စကို Reutersထံ
အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ZTEသည် လတ်တလောတွင် Androidနှင့် Windows OSသုံး ဖုန်းများကိုလည်း ထုတ်လုပ်လျှက် ရှိနေသည်။ ဒီရှူက Firefox OSကို အသုံးပြုထားသော မိုဘိုင်းလ်ဖုန်းများ ထွက်ပေါ်လာခြင်းက ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်အတွင်း OSများ၏ ခွဲဝေနေရာယူမှုကို ပိုမို မျှတလာစေမည်ဟု သုံးသပ်ခဲ့သည်။ Firefox OSနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း အင်တာနက်တွင် ထွက်ပေါ်လာသည့် ပုံရိပ်များအရမူ Android၊ iOSတို့နှင့် အမြင်အားဖြင့် သိသာစွာ ခြားနားကြောင်း သိရှိရသည်။
From -Planet Myanmar Network
ရခိုင် သိမ်းဆည်းခံ လယ်ယာမြေများကို ပါလီမန် စုံစမ်းရေး ကော်မရှင်က ယနေ့ စတင် စစ်ဆေးပြီ
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးလိုက်သော လယ်ယာမြေနှင့်
အခြားမြေများ သိမ်း ဆည်းမှု စုံစမ်း ရေး ကော်မရှင်အဖွဲ့သည် ယနေ့
ပုဏ္ဏားကျွန်း မြို့နယ်မှ စတင်ပြီး လယ်မြေများ သိမ်းဆည်ခံနေရမူများကို
စစ်ဆေးနေ ပြီဖြစ်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
နိုင်ငံတကာ တမန်တော်မိုဟာမက် ကာတွန်းကြောင့် ပြင်သစ် လုံခြုံရေးတင်းကျပ်
| တမန်တော် မိုဟာမက်ကို ကာတွန်းရုပ်ပုံအဖြစ် ဖော်ပြ၍ ဖျက်ဆီးခံရသော ပြင်သစ်သတင်းစာတိုက် Charlie Hebdo |
ပြင်သစ်နိုင်ငံက မဂ္ဂဇင်းတစောင်မှာ အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရုပ်ပုံကို ကာတွန်းအဖြစ် ရေးဆွဲဖော်ပြလိုက်တဲ့နောက် ကြိုတင် သတိထားတဲ့ အနေနဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးဌာနတွေနဲ့ ကျောင်းတွေကို ပိတ်ဖို့ စီစဉ်နေပါတယ်။
ပြင်သစ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဆင်ဆင်ခြင်ခြင် ပြုမူကြ ဖို့ ပြောဆိုနေချိန်မှာ
သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လိုက်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။
အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ရောက်ရှိနေပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်မှာ သမ္မတ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ယမန်နေ့ ဗုဒ္ဓဟူးနေ့ က အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်း (Oval Office) မှာ ပုဂ္ဂလိက အနေနဲ့ တွေ့ဆုံကာ စကားစမြည်ပြောဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရေခြားမြေခြားက သူစိမ်းတယောက်ကို ခွဲခြားဆက်ဆံမှုမရှိဘဲအခုလို အိမ်ဖြူတော် မှာ နွေးနွေး ထွေထွေးကြိုဆိုခဲ့တာကို ဘ၀မှာ မှတ်မှတ်ရရအဖြစ်ဆုံး နေ့တနေ့လို့ ဆိုလိုက်ပါတယ်။
“ကျမ နေအိမ်အကျယ်ချုပ် ကျခံရစဉ် ကာလတုန်းက မြင်ခဲ့တွေ့ခဲ့ရတဲ့သူတွေထဲက တချို့ကို အခု ကျမ လွတ် လာပြီး တဲ့ နောက်လည်း ထပ်တွေ့ရတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ကွန်ကရက် အမတ်
ဒေါ်အောင်ဆန်းစုကြည်က ရေခြားမြေခြားက သူစိမ်းတယောက်ကို ခွဲခြားဆက်ဆံမှုမရှိဘဲအခုလို အိမ်ဖြူတော် မှာ နွေးနွေး ထွေထွေးကြိုဆိုခဲ့တာကို ဘ၀မှာ မှတ်မှတ်ရရအဖြစ်ဆုံး နေ့တနေ့လို့ ဆိုလိုက်ပါတယ်။
“ကျမ နေအိမ်အကျယ်ချုပ် ကျခံရစဉ် ကာလတုန်းက မြင်ခဲ့တွေ့ခဲ့ရတဲ့သူတွေထဲက တချို့ကို အခု ကျမ လွတ် လာပြီး တဲ့ နောက်လည်း ထပ်တွေ့ရတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ကွန်ကရက် အမတ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှ ပေးအပ်သည့် ဆုတံဆိပ်ကို လက်ခံ ရယူပြီးနောက် သမ္မတ ဘာရက် အိုဘားမားနှင့် တွေ့ဆုံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် လွှတ်တော်က ပေးအပ်သော ဆု တံဆိပ်ကို လက်ခံ ရယူပြီးနောက် အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ၂၀၀၈ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်
"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင် ရခိုင်တိုင်းရင်းသားများ လုံးဝသည်းမခံဘူး
"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင် ရခိုင်တိုင်းရင်းသားများ လုံးဝသည်းမခံဘူး" ဟု ၄င်းက ဆိုသည်။ ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာ ထိမ်းသိမ်းသွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ အမျိုးသား လက္ခဏာများ မပျောက်ရေး
တာဝန်မှာ ပြည်ထောင်စု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။
တာဝန်မှာ ပြည်ထောင်စု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။
.. ဘင်္ဂါလီ လူဦးရေ တိုးပွါးမှု မြင့်မားလာမှုနှင့်ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးခဲ့သောဆူပူ အကြမ်းဖက်မှုများ သည် ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားလက္ခဏာကို ခြီမ်းခြောက်နေပြီလောဟု ရခိုင်တိုင်းရင်းသားများမှာ
"တရုတ်နိုင်ငံမှမြန်မာစာသင်ရိုးညွှန်းတမ်းစာအုပ်"
![]() |
| သတင်း၊ဓာတ်ပုံ- YM |
တရုတ်နိုင်ငံတွင် လူငယ်တွေအတွက် မြန်မာစာသင်ရိုးညွှန်းတမ်းစာအုပ် ထုတ်ဝေတာတွေ့ရတယ်။ စာအုပ်ထဲမှာစီးပွားရေးလုပ်ငန်း ဆိုင်ရာ မြန်မာ စာရေးဆရာတစ်ချို့ရဲ့ စာတွေ၊ မောင်ခင်မင်(ဓနုဖြူ) အပါအ၀င် အစိုးရဆိုင်ရာအသုံးအနှုန်းတွေ ပြဌာန်းစာအဖြစ် ထုတ်ဝေထား တဲ့ မြန်မာစာပေနဲ့မြန်မာ့ လူမှုရေးကို ထင်ဟပ်ထားတဲ့ပြဌာန်းစာအုပ်ကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်းကုန်တိုက်တွင် တွေ့ရစဉ်။
From -ပေါ်ပြူလာဂျာနယ်





















