နေပြည်တော်ကအခြေခံပြည်သူတွေနဲ့အ
Saturday, August 11, 2012
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေအခက်အခဲမေးမြန်း
နေပြည်တော်ကအခြေခံပြည်သူတွေနဲ့အ
အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာအမေရိကန်ဘက်ကပိတ်ဆို့အရေးယူထားတ
အစိုးရနှင့် မသက်ဆိုင်သော တိုင်းရင်းသား ညီလာခံ တရပ် ဖြစ်လာရန် လှုံ့ဆော်
“
ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ကတော့ အခုလို
ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ ကျမတို့က တကယ်ပဲ စစ်မှန်ပြီး တရား
မျှတမှု ရှိတဲ့ ရေရှည် အာမခံချက်ရှိ တဲ့ ဖော်ဆောင် မှုမျိုးဖြစ်ဖို့အတွက်ကို
အဓိကပစ်မှတ် ထားပြီး နည်းပေါင်းစုံနဲ့ နိုင်တဲ့ အင်အားနဲ့
ဝိုင်းဝန်းပြီးတော့ တက်တက်ကြွကြွ ပူပေါင်းလုပ်ဆောင် နိုင်အောင်ပူးပေါင်း
ပါဝင်လိုလို့ အခုလို WORKING GROUP နဲ့ လိုက်လံစည်းရုံးရေး
ဆင်းနေတာဖြစ်ပါတယ်။ ”လို့ WLB အမှုဆောင်တဦး ဖြစ်သူ
ဒေါ်တင်တင်ညို ကပြောပါသည်။
လာမည့် စက်တင်ဘာ လတွင် အစိုးရနှင့် မသက်ဆိုင်သော လွတ်လပ်သော
တိုင်းရင်းသား ညီလာခံ တရပ် ကျင်းပနိုင်ရန် လူထု လူတန်းစားများထဲမှ
တိုင်းရင်းသား အသင်းအဖွဲ့များ ပါဝင်လာရေးကို ညီလာခံ ဖြစ်မြောက်ရေး WORKING
GROUP က လိုက်လံ စည်းရုံးနေကြောင်း group အဖွဲ့ဝင် တဦးဖြစ်သူ ခွန်ဥက္ကာက
ပြောပါသည်။
“တိုင်းရင်းသား ညီလာခံ အတွက် ပြင်ဆင်ကြတာပဲ စက်တင်ဘာလ ဒုတိယ အပါတ်
အကုန်ပိုင်းမှာ ညီလာခံခေါ်မယ်။ အဖွဲ့ပေါင်းစုံ ပါအောင် ခေါ်မယ်။ ညီလာခံ
ကျင်းပရေး ကော်မတီ တာဝန်ခံကိုတော့ UNFC အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့
နိုင်ဟံသာက ဦးဆောင်ပါတယ်။ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံရဲ့
ငြိမ်းချမ်းဖြစ်စဉ်မှာ တိုင်းရင်းသားတွေရဲ့ ကိုင်စွဲရမဲ့မူတွေကို
ချမှတ်ဖို့ ညီလာခံကို ခေါ်ရခြင်းဖြစ်ပါတယ်” ဟု ဆိုပါသည်။
KIA တပ်ရင်း (၆) မှတည်ဆာက်ပေးသော တံတားသစ်တစ်စင်းဖွင့်ပွဲလုပ်
သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ဆိုင်းတောင်မှ ဖားကန့်သို့
သွားရာတံတားကြီးတစ်စင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါသည်။ တံတားသစ်ဖွင့်ပွဲကို
ဆိုင်းတောင်ကချင်နှစ်ခြင်း အသင်းတော်မှ သင်းအုပ်ဆရာကြီးများ၊
ရိုမန် ကာသိုလစ် အသင်းတော်မှ အသင်းတော် လူကြီးများမှ ဆုတောင်းခြင်း ဖြင့်
အစပြုပြီး ကောင်းချီးပေးကာ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ ပါသည်။ ဌာနဆိုင်ရာ
အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရိုးရာယဉ်ကျေးမှု လူမျိုးစု ကိုယ်စားလှယ်
များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများနှင့်
စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ပါသည်။ ထိုဆိုင်းတောင်တံတားကြီးမှာ လွန်ခဲ့သော ဇွန်လအတွင်း ရေကြီးမှုကြောင့် ရေထဲမျှောပါ သွားခဲ့ပါသည်။ ပြည်သူလူထု များသည် ထိုတံတားမရှိတော့သဖြင့် အလွန်ဒုက္ခရောက်နေကြသော်လည်း အာဏာပိုင်များက တံတားပြန်လည်ဆောက် ပေးခြင်းမရှိဘဲ ကုတို့သာ ကူးစား နေခဲ့ ပါသည်။ ဆိုင်ကယ်တစ်စီး လူတစ်ဦးလျှင် ၁၅၀၀ ကျပ်ပေးရပါသည်။ ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တံတားပြန်လည် တည်ဆောက်ရေး အတွက် တောင်းဆိုခဲ့သော်လည်း ရန်ပုံငွေမရှိကြောင်းသာ အကြောင်း ပြန်ခဲ့ပါသည်။ ထို့ကြောင့် KIA တပ်ရင်း (၆)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကိုခေါ်ကာ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူလူထုများ အဆင်ပြေရေးအတွက် အလေးထားလုပ်ဆောင် ရန် ခေါ်ယူသတိပေးခဲ့ကြောင်း၊ လိုအပ်လျှက်ရှိသော တံတားတည်ဆောက်ရေး ရန်ပုံငွေကိုလည်း ချက်ချင်းထုတ်ပေးခဲ့ကြောင်း၊ ခိုင်လုံသော သတင်း ရပ်ကွက်မှ ဆိုပါသည်။
နိုင်ငံတကာ လေကြောင်းလိုင်းများ မန်းလေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုလျှင် ခွင့်ပြုပေးမည်
အပြည်ပြည်ဆိုင်ရာ
လေကြောင်းလိုင်းများ၊ မန္တလေး လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုပါက
ခွင့်ပြုပေးသွားမည် ဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ
သိရသည်။
“မန္တလေးက Tour
ဧရိယာမို့ တိုက်ရိုက်ပျံသန်းချင်ရင် စိတ်ဝင်စားရင် ခွင့်ပြုပေးသွားမယ်လို့တော့
လေကြောင်းလိုင်းတွေကို ပြောထားတယ်။ ရန်ကုန်လေဆိပ်မှာ ဆင်းရတာ ကျပ်လို့
မန္တလေးဘက်ကို ခွင့်ပြုတာတော့ မဟုတ်ပါဘူး” ဟု လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၄ ရက်နေ့မှ စတင်၍
ဘန်ကောက်-မန္တလေး တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို Air Asia လေကြောင်းအား
ပျံသန်းခွင့် ပြုထားပြီးဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ Air Asia
လေကြောင်းလိုင်းသည် ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက် ပြေး ဆွဲနေရာမှ
ဘန်ကောက်-မန္တလေးကို ထပ်တိုးပြေးဆွဲခြင်း ဖြစ်ပြီး ဘန်ကောက်-မန္တလေး ခရီးစဉ်ကို
တစ်ပတ်လျှင် လေး ကြိမ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Chip ကတ်များ စတင်သုံးစွဲ နိုင်တော့မည်
Myanmar Payment Union စနစ်မှာ အသုံးပြုမယ့် Chip
ကတ်တွေကို စက်တင်ဘာ လပိုင်း လောက်မှာ အများပြည်သူတွေ စတင် အသုံးပြုနိုင် တော့မှာ
ဖြစ်တယ်လို့ သမ၀ါယမ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အခုလက်ရှိ မှာတော့ အဆိုပါ MPU စနစ်နဲ့အသုံးပြု နိုင်မယ့် Chip ကတ်တွေကို
သက်ဆိုင်ရာ ဘဏ်တွေ အချင်းချင်း ၁ လကြာ စမ်းသပ် အသုံးပြုနေတာ ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ် ကာလတွေ ကတော့ လာမယ့် သြဂုတ်လ ၁၆
ရက်နေ့မှာ ပြီးစီးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် ထားတဲ့ MPU
စနစ်မှာ အသုံးပြုရမယ့် Chip ကတ်တွေဟာ လက်ရှိမှာ လူထု အကြား အသုံးပြုနေတဲ့ ATM
ကတ်တွေထက် ပိုမိုပြီး လုံခြုံစိတ်ချ ရတာ ဖြစ်ပါတယ်။
အစ္စလာမ်နိုင်ငံအချို့၏ ခြိမ်းခြောက်မှုများကို မြန်မာအစိုးရဘက်မှ သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရုံး ညွှန်မှူးပြောကြား
မကြာခင် ရက်သတ္တပတ်အတွင်းက အစ္စလာမ်ကြီးစိုးတဲ့ နိုင်ငံတချို့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့အရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘူဘာကာဘာရှားက မွတ် ဆလင်တွေဆက်ပြီး ဖိနှိပ်သတ်ဖြတ်ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သောကြာ နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ဘဲ ဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံ တော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသ ကိစ္စကို ရှင်းလင်းတင်ပြမည်ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် တူရကီ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး
H.E.Mr.Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ်လ ၉ ရက်နေ့ နံနက်
၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr.Ahmet
Davutoglu က ရခိုင်ဒေသကိစ္စနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်- မိမိသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊
ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာများကို လေ့လာထားသူတစ်ဦးဖြစ်၍ မြန်မာ နိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှု
စံပြနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိထားပြီးဖြစ်ပါကြောင်း၊ ဗုဒ္ဓဘာသာသည် တစ်ဦးနှင့်
တစ်ဦး အပြန်အလှန်လေးစားခြင်း၊ သည်းခံခြင်းတရား လက်ကိုင်ထားသော ဘာသာဖြစ်ပြီး အစ္စလာမ်
ဘာသာသည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော ဘာသာဖြစ်ပါကြောင်း၊ ဘာသာကြီးနှစ်ခု၏ ဘာသာဝင်များသည်
ရှေးယ ခင်ကပင် အတူတကွ လက်တွဲနေထိုင်လာခဲ့ကြပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည်
အမှိုက်များခွဲခြားစွန့်ပစ်ခြင်း မရှိပါက စက်တင် ဘာလ ၁ ရက်နေ့မှ စတင်ကာ အရေးယူမည်
ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာနရဲ့
ပြောကြားချက် အရ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ
အမှိုက်စိုနဲ့
အမှိုက်ခြောက် များကို ခွဲခြား စွန့်ပစ်ခြင်း မပြုလုပ်ပါက အရေးယူ ဆောင်ရွက်
သွားခြင်းများ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ ဒီလို အရေးယူမှု မပြုလုပ်ခင် ဧပြီလမှ
စတင်ကာ ယခု ကာလကို ပညာပေး ကာလအဖြစ် သတ်မှတ် ထားပြီး စက်တင်ဘာလ မှာတော့ ပညာပေး ကာလ
ကုန်ဆုံးမှာ ဖြစ်ပြီး အရေးယူမှုတွေ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
'' ဒုသမ္မတဘယ်သူဖြစ်မလဲ ... ''
ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ
အစုအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ယခင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအား
အမည်စာရင်း တင်သွင်း ထားသော်လည်း ဦးမြင့်ဆွေသည် အခြေခံ ဥပဒေတွင် ပါရှိသော အချက်များနှင့်
ကိုက်ညီမှုမရှိဟု လွှတ်တော် အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့
ပါသည်။
ပြည်ခိုင်ဖြိုး
ပါတီနှင့် နီးစပ်သော အသိုင်း အဝိုင်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ် အဆင့်ဖြင့် တာဝန်
ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဖြစ်သူ လက်ရှိ ပြည်သူ့ လွှတ်တော်
ကိုယ်စား လှယ် ဦးဌေးဦးအား ဒုသမ္မတ နေရာအတွက် မျှော်မှန်း လျက်ရှိကြသည်။ စစ်ဘက်နှင့်
နီးစပ်သော အသိုင်း အဝိုင်း ဘက်မှလည်း ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ကော်မရှင်ဥက္ကဌ
ဦးတင်အေးနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းတို့အား ရွေးချယ် နိုင်ကြောင်း
သတင်းများ ထွက်ပေါ် လျက်ရှိသည်။
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်သစ်သီးများ
ကင်ဆာရောဂါဖြင့်
သေဆုံးသူများ၏ ၃ဝ ရာခိုင်နှုန်း ခန့်သည် ဆေးလိပ် သောက်ခြင်း၊ အရက် သောက်ခြင်း၊ ကိုယ်လက်
လှုပ်ရှားမှု မရှိခြင်းနှင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီး ဝလံများ စားသုံးမှုနည်းပါး ခြင်းတို့ကြောင့်
သေဆုံး ရခြင်းဖြစ် သည်ဟု WHO အဖွဲ့ကြီးက ဖော်
ပြထားသည်။ ထို့အပြင် ၄င်းရောဂါ ဖြင့် သေဆုံးရသူဦးရေသည် လာ မည့် ၂ဝ၃ဝ ပြည့်နှစ်တွင်၁၃
ဒသမ တစ်သန်းအထိ တိုးမြင့်လာနိုင် ဖွယ်ရှိသည်။
ထို့ကြောင့် ကြောက်မက်ဖွယ်
ကောင်းသည့် ၄င်းရောဂါဆိုးကြီး အား ဖြစ်ပွားပြီးမှ ကုသခြင်းထက် မဖြစ်ခင်က
ကြိုတင် ကာကွယ်ခြင်း
သည် လွန်စွာအရေးကြီးလှပေ သည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာရောဂါကို
အများဆုံးဖြစ် ပွားစေနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ အဆုတ်ကင်ဆာဖြင့် သေဆုံးသူ
များအနက် ၇၁ ရာခိုင်နှုန်း သည် ဆေးလိပ်သောက်သူ များဖြစ်သည် ကို တွေ့ရသည်။
ထို့အပြင် ''အစာလည်းဆေး၊ ဆေးလည်း အစာ'' ဟူသော စကားအတိုင်း ကင်ဆာရောဂါကို
ကာကွယ်နိုင်ပြီး
အဖိုးနှုန်းချိုသာသည့် သစ်သီးဝလံ များကို မြဝတီစာဖတ် ပရိသတ်ကြီး များအတွက်
ဖော်ပြပေးလိုက်ပါ သည်။
မြန်မာ တွေ ကမ္ဘာ လည့် ခရီးသွား တော့ မယ်
အမေရိကန် ကို သွား ရောက် လည်ပတ် ချင် တဲ့ မြန်မာ တွေ အတွက် United Treasure
ခရီးသွား လာရေး က ၀န်ဆောင် မှု ပေး နေ ပြီ လို့  ဆို ပါတယ်။ အမေရိကန် နိုင်ငံ ရဲ့  အထင်
ကရ နေရာ တွေ ကို ၁၈ ရက် ကြာ လည် ပတ် မယ့် ခရီး စဉ် မှာ နာမည် ကျော် မော်ဒယ်(လ)
သရုပ်ဆောင် တွေ ကို အဆက် မပြတ် မွေး ထုတ် ပေး နေတဲ့ မ တင်မိုးလွင် က ခရီးသွား သံ
ဧည့် သည် အဖြစ် လိုက် ပါမယ် လို့  ဆို ပါတယ်။
မြန်မာ နိုင်ငံ ကို ၂၀၁၂ ခုနှစ် အတွင်း မှာ ကမ္ဘာ လှည့် ခရီးသွား တွေ လာရောက် မှု များ လာ
သလို မြန်မာ ကမ္ဘာ လှည့် ခရီး သွား တွေ က လည်း နိုင်ငံ တကာ ကို ခြေဆန့် တော့ မှာ ဖြစ်
ပါတယ်။
တူရကီ နိုင်ငံခြားရေး ၀န်ကြီးမှ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်ရန် မွတ်ဆလင် ခေါင်းဆောင်များကို မှာကြား
စစ်တွေမြို့ကို ယမန်နေ့က လာရောက် လည်ပတ်ခဲ့တဲ့ တူရကီ နိုင်ငံခြားရေး
ဝန်ကြီးဟာ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေကို ပတ်ဝန်းကျင်နဲ့ သဟဇာတ
ဖြစ်အောင် နေထိုင်ကြဖို့ မှာကြား ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ အင်ပါလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်သို့ ယမန်နေ့ နေ့လည်က သွားရောက်ပြီး ဗလီဆရာများ၊ မွတ်ဆလင် ခေါင်းဆောင်များနဲ့ တွေဆုံစဉ်မှာ တူရကီနိုင်ငံခြားရေးဝန်ကြီးက ယခုလို မှာကြား ခဲ့တယ်လို့ အဲဒီနေရာကို လိုက်ပါခွင့်ရခဲ့တဲ့ အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တူရကီ နိုင်ငံခြားရေး ၀န်ကြီးက နိုင်ငံတော်က သတ်မှတ်ထားတဲ့ စည်းကမ်း စည်းမျဉ်းများ အတိုင်း နေထိုင်ကြဖို့၊ ပတ်ဝန်ကျင် ဒေသခံပြည်သူ လူထုနဲ့ ကောင်းမွန်စွာ ဆက်ဆံ နေထိုင်ကြဖို့၊ အေးချမ်းစွာ လုပ်ကိုင် စားသောက် နေထိုင်နိုင်ဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ သံသယ ကင်းစွာ ဆက်ဆံ နေထိုင်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းတွေကို မိန့်မှာ သွားခဲ့တယ်လို့ ပြောပါတယ်။
တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ မနေ့က စစ်တွေမြို့ကို ရောက်လျှင် ရောက်ချင်း မွတ်ဆလင် ဒုက္ခသည် စခန်း တစ်ခုဖြစ်တဲ့ သဲချောင်းကျေးရွာက ဘုတပ (ဘောတူပ) ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ
ထွန်းထွန်း
အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ နဲ့ပစ်ပေါက် ကြပြီး ကျောင်းတံခါးလမ်းဝတွေကို ရိုက်ပုတ် ဖျက်စီးခဲ့ကြသည်ဟု ၄င်းသတင်းစာ ကဆိုသည်။
ဇီယာမာ ဘုန်းတော်ကြီးကျောင်းမှာ ဆူလာဝီစီအခြေစိုက် Council of Buddhist Communities (walubi) ၏ ဌာနခွဲ အတွင်းရေးမှူးရုံး ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တိုင်းရင်းသားချင်း ပြောရန် သမ္မတ တိုက်တွန်း
ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်စေရန်နှင့်
ရခိုင်ပြည်သူလူထုကို တိုင်းရင်းသားအချင်းချင်း စည်းရုံး ဖြောင်းဖြရန်
သမ္မတဦးသိန်းစိန်က ရခိုင်ပါတီနှစ်ခုကို တိုက်တွန်းလိုက်ကြောင်း အဆိုပါ
ပါတီများ၏ ခေါင်းဆောင်များက ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့အား ဗုဒ္ဓဟူးနေ့ တွေ့ဆုံရာတွင် သမ္မတက ပြော ကြား ခဲ့ခြင်းဖြစ်သည်ဟု ALD ဥက္ကဋ္ဌ ဦးအေးသာအောင် က မဇ္ဈိမကို ပြောသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အဓိက ပြောဖြစ်တာပေါ့။ သမ္မတ က ပြောတယ်၊တိုင်းရင်းသား ကိစ္စတွေ ကို ဗမာတွေ ပြောတာထက်စာရင် တိုင်းရင်းသားအချင်းချင်း ပြောတာက ပိုအဆင်ပြေမယ်တဲ့။ ရခိုင်ပြည်သူတွေက ရခိုင်ပါတီတွေနဲ့ ပိုနီး စပ်တယ် လေ” ဟု ပြောသည်။
သမ္မတနှင့် တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အဓိကထား ပြောဆိုသွားသည်ဟုလည်း RNDP ဥက္ကဋ္ဌ ဒေါက်တာ အေး မောင် က မဇ္ဈိမကို ပြောသည်။
“တည်ငြိမ်အေးချမ်းရေး အခြေအနေတွေကိုပဲ ပြောဖြစ်ကြတယ်။ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေမှာ ကျ နော်တို့ပါတီတွေက ပူးပေါင်းပါဝင်ပေးဖို့ပေါ့။ ပါတီတွေရဲ့ အကြံဉာဏ်တွေလည်း တောင်းတာပေါ့” ဟု ပြောသည်။

မလေးရှားရောက် ရခိုင်လူငယ် ၃၀၀ ကျော် အိမ်ပြန်
အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းနှင့်ပက်သက်ပြီး ကျောက်တော်မြို့နယ် အပေါက်ဝမှ ကိုသာကျော် ပြောပြသည်မှာ " ရခိုင်ရွာတွေမှာ လူငယ်တွေ မရှိ သလောက်ဘဲ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေသာ အများဆုံးရှိတယ်။ မိဘတွေကလည်း ခေါ်နေတယ်။ ပြည်ထောင်စု သ မ္မတ ဦးသိန်းစိန်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်လာကြဖို့ ခေါ် ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ " ဟု ပြော သည်။
မန်တုံမြို့ ရဲ စခန်း နှင့် တယ်လီဖုန်းရုံးတိုက်ခိုက်ခံရ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ရှိ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ ရဲစခန်းအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ အနီးရှိတယ်လီဖုန်းရုံးပါ တိုက်ခိုက်ခံရ ကြောင်းဒေသခံများက ပြောပါသည်။
“၇ ရက်နေ့ မနက် ၄ နာရီလောက်က ရဲစခန်းကိုလာတိုက်တာ။ ကျနော်တို့ ကြားရတာက မိုးမိတ် ဘက်လှုပ် ရှားတဲ့ ကချင်တပ်ဖွဲ့ တပ်ရင်း ၃၄ က လို့ပြောတယ်။ ရဲ စခန်းကကော ကချင်ဘက်ကကော သေကျေဒဏ်ရာ ရတယ်လို့မ ကြားမိဘူး၊ တယ်လီဖုန်းရုံးတော့ လက်ပစ်ဗုံး၊ လက် နက်ကြီးကျည်ထိလို့ တော်တော် ပျက်စီးသွား တယ်” - ဟု မန်တုံမြို့ခံတ ဦးက ပြောပါသည်။
Facebook အကောင့် ၈၃ သန်းမှာ အတု အယောင် တည်ရှိနေခြင်း ဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်
လူသုံး
အများဆုံး လူမှု ကွန်ရက် ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူ ဦးရေ
၉၉၅ သန်းအထိ မြင့်မားလာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ
ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတုအယောင် တည်ရှိမှုများ
ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။
ထိုပမာဏမှာ
လက်ရှိ Facebook အသုံးပြုသူ၏ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး
အသုံးပြုသူတစ်ဦးလျှင် အကောင့်များစွာ ရှိနိုင်သည့်နည်းတူ အိမ်မွေးတိရစ္ဆာန်
ချစ်ကြသည့် အချို့ Facebook အသုံးပြုသူများက ၎င်းတို့ တိရစ္ဆာန်လေးများ၏
အမည်ကို အကောင့်ပြုလုပ်ထားကြကြောင်း တွေ့ရှိရသည်။ အတုအယောင် အကောင့်များကို
အုပ်စုခွဲခြားရာတွင် သုံးမျိုးထွက်ပေါ်လာပြီး ၎င်းတို့ထဲတွင် အများဆုံးမှာ
လူတစ်ဦးတည်းက အကောင့်နှစ်ခုပြုလုပ် သုံးစွဲနေခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်လက ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်သည့် BBC မှ Facebook အသုံးပြုသူများနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်းမှုတစ်ခု ပြုလုပ်ရာတွင် အတုအယောင် အကောင့်များ တည်ရှိနေခြင်းက Facebook ၏ ကြော်ငြာစီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။

ကချင် ဒုက္ခသည်များ အရေး တရုတ်မြန်မာ ညှိနှိုင်းပြီး ဆောင်ရွက်ဖွယ်ရှိ
မြန်မာနိုင်ငံ
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ်ခမ်းမြို့ နယ်စပ်တဖက်ခြမ်း တရုတ်နိုင်ငံ
ယူနန်ပြည်နယ် နောင်တောင်းခရိုင် ၊(ရွှေလီနယ်စပ်) ၌ ၀င်ရောက်ခိုလှုံနေသော
ကချင်စစ်ပြေးဒုက္ခသည် တသောင်းခန့်များ အား ယခုသြဂုတ်လအကုန်ပိုင်းတွင်
မြန်မာနိုင်ငံဖက်ခြမ်းသို့ အပြီး ပြောင်းရွေ့ပေးရမည်ဟု တရုတ်အာဏာ
ပိုင်များက ဖိအားပေးလျှက်ရှိကြောင်း ဒုက္ခသည် စ ခန်းတာဝန်ခံ
တစ်ဦးကပြောပါသည်။
“ပြောင်းရွေ့ဖို့အတွက်
ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့မှာ တကြိမ်၊ ပြီးတော့ ဇူလိုင်လ (၂၀)
ရက်နေ့မှာတကြိမ် နှစ်ကြိမ်တိုင် သူတို့ လာပြောခဲ့ပြီးပြီး။
ကျနော်တို့ကလည်း ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်။
စိုးရိမ်စရာ အခြေအနေ လည်းရှိနေတယ်။ ဒါကြောင့် တရုတ်ကအတင်းဖိအားပေး
ရွှေ့ခိုင်းရင်တောင် ကျမတို့ ရွှေ့မှာမဟုတ်ဘူး။ ဒါကတော့ တရုတ်
အာဏာပိုင်တွေကို မလေးစားလို့ မဟုတ်ပါဘူး။ တကယ့်အခြေအနေက မပေးလို့ပါ”ဟု
ဆိုပါသည်။

ကချင်ဒုက္ခသည်များအခြေချနေရပုံ
ကယ်တင်ရမယ့် မြို့တော်ရန်ကုန်

ယက်ခ်
မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ လက်စွမ်းပြထားတဲ့ “ရန်ကုန်
အထွေထွေရောဂါကု ဆေးရုံကြီး” ဓာတ်ပုံ (ဓာတ်ပုံ – Jacques Maudy / Jimi
Cassaccia)
မော်ရိုကိုနိုင်ငံဖွား သြစတြေလျနိုင်ငံသား ယက်ခ် မောဒီ (Jacques Maudy) နဲ့ အီတလီနိုင်ငံသား ဂျီမီ ကက်စက်စ်စီယာ (Jimi Cassaccia) တို့ဟာ ပုံဖျက်ခံရတဲ့ မြို့တော်ရဲ့ သရုပ်မှန်ကို ရင်သပ်ရှုမောဖွယ်ရုပ်ပုံတွေနဲ့ ရေးဆွဲပြနိုင်ကြပါတယ်။ တချိန်တည်းမှာလည်း သမိုင်းဆိုင်ရာအမွေအနှစ်တွေကို အလေးအနက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်ဆိုတာကိုလည်း ရုပ်ပုံတွေကနေတဆင့် ပြောပြကြပါတယ်။
သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ်
သာပေါင်းမြို့နယ်ရေကြီး 11.8.2012(Photo-Popular Myanmar News Journal )
ခုတလော မြန်မာပြည်မှာ မိုးတွေရွာတယ် ရေတွေကြီးတယ်ဆိုတော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ မိုးမရွာတော့လဲ မရွာလို့ ရွာလိုက်တော့လဲ ရွဲ့သလားမှတ်ရတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ရေကြီးတယ် ရေလျှံတယ်ဆိုတာတွေ နားမဆံအောင် ကြားနေရတဲ့ တို့ပြည် ဖြစ်နေပါပေါ့။ ရေဘေးကြောင့် ဒုက္ခတွေရောက်ကြတာ ကြားရ မြင်ရတာ အင်မတန်မှ စိတ်ညစ်ညူးဖို့ ကောင်းလှပါတယ်။

အစိုးရ၏ အလွတ်သဘော တွေ့ဆုံခြင်း အပေါ် BLC မှ လက်မခံ
“ပြီးခဲ့သည့် ဇူလိုင်လကုန် ကတည်းက ကမ်းလှမ်းခဲ့ပါ။ ဦးအောင်မင်း မဲဆောက်လာသွားတဲ့ နောက်ဆုံးအခေါက်မှာပေါ့။ သူတို့က BLC ဥက္ကဌ ဦးသိန်းဦးနဲ့ အလွတ် သဘော တွေ့ဆုံချင်လို့ ပြောလိုက်တာပါ။ တကယ်တော့ BLC ဆိုတာက ဥပဒေ အဖွဲ့အစည်း တခုလေ။ အစိုးရဖက်က ကြားကနေပြီး ညှိနှိုင်းသလိုလို ဆွေးနွေးသလိုလို ဘာမှန်းညာမှန်းမသိပဲ လာပြီးတွေ့လိုက် စကားပြောပြီး ပြန်သွားလိုက် အဆင့်လောက်နဲ့ကတော့ အလုပ်မဖြစ်ဘူးလေ။ ဒီလုပ် ရပ်တွေဟာ ဥပဒေအရ သဘာဝ မကျဘူး။”ဟုဆိုပါသည်။
မြန်မာနိင်ငံသတင်းစာဆရာအသင်း စည်းမျဉ်း ဥပဒေ အတည်ပြု

ဓာတ်ပုံ- Popular Myanmar News Journal
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အသင်းအဖွဲ့စည်းမျဉ်း ဥပဒေကို ယနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးက အတည်ပြုပေးလိုက်ပါတယ်။

ပြည်နယ်နှင့် တိုင်း အားလုံးက ဗဟိုကော်မတီဝင်တွေနဲ့ ကော်မတီဝင်တွေအပါအ၀င် လေ့လာသူများ တတ်ရောက်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို. ယုဇနဂါးဒင်း ဟိုတယ်မှာ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
မိဘ မေတ္တာဆိုရာဝယ်
လူနဲ့ တိရိစ္ဆာန်ဆိုတာ ဘာဝ ခြင်း ကွဲလွဲပေမယ့် မိဘမေတ္တာဆိုတာ ကတော့ အားလုံးသော သတ္တ၀ါတွေမှာ တူညီတယ်ဆိုတာ မကြာ မကြာ တွေ့ကြရမှာပါ။
၂၄ နာရီအတွင်း အင်တာနက်စာမျက်နှာများပေါ်က လူကြိုက်အများဆုံး ပိုစ့် တခုကတော့ ခွေးမလေးရဲ့ မိဘမေတ္တာ ကို ထင်ဟတ်တဲ့ သတင်း ဓာတ်ပုံပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ချီလီနိုင်ငံ Santa Rosa de Temuco မှာ အိမ်တလုံး မီးလောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အခုပုံမှာမြင်တွေ့နေရတာကတော့ Amanda လို့ခေါ်တဲ့ ဂျာမန် သိုးထိန်း ခွေးမလေးဖြစ် ပါတယ်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် UNESCO မှ အကူအညီပေးမည်
အေဒီ ၁၀ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သည့်
ရှေးဟောင်းအဆောက်အဦးပေါင်း သုံးထောင်ကျော် ကျန်ရှိနေသေးသည့် ပုဂံဒေသအား
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် UNESCO မှ
အကူအညီပေးသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။
ထိုသို့ UNESCO မှ ပုဂံဒေသအား
ထိုသို့ UNESCO မှ ပုဂံဒေသအား
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရာတွင်
ပုဂံဒေသတစ်ခုတစ်ခုတည်းသာမကပဲ ပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊
သရေခေတ္တရာမြို့ဟောင်းများလည်း ပါဝင်ကြောင်း သိရသည်။
''သြဂုတ်လ ၈ရက်နေ့က UNESCO ညွှန်ကြားရေးမှုးချုပ် HE.Irina Bokova နဲ့အဖွဲ့က ပုဂံကို သွားခဲ့ပါတယ်။သူတို့အဖွဲ့က ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ နန်းတော်ရာ တူးဖော်မှုတွေ၊ ရှေးဟောင်းသုတေသနပြတိုက်တွေနဲ့ ပုဂံကဘုရားတွေကို လေ့လာသွားတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းနဲ့ပတ်သတ်
ပြီး
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀အထိ UNESCO က ကူညီခဲ့ပြီးပါပြီ။ အခုလည်း
သူတို့ဘက်က ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းဖို့
ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်နေတာတွေနဲ့ပတ်သတ်ပြီး
ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်'' ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ
ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။''သြဂုတ်လ ၈ရက်နေ့က UNESCO ညွှန်ကြားရေးမှုးချုပ် HE.Irina Bokova နဲ့အဖွဲ့က ပုဂံကို သွားခဲ့ပါတယ်။သူတို့အဖွဲ့က ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ နန်းတော်ရာ တူးဖော်မှုတွေ၊ ရှေးဟောင်းသုတေသနပြတိုက်တွေနဲ့ ပုဂံကဘုရားတွေကို လေ့လာသွားတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းနဲ့ပတ်သတ်
အဖွဲ့ဝင်တွေ ကြိုမသိလိုက်ရတဲ့ စာနယ်ဇင်းကောင်စီ
မြန်မာအစိုးရက
အသစ်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်တဲ့
မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီဟာ သတင်း စာနယ်ဇင်းလောက အားလုံးကို ကိုယ်စားပြု
ဖွဲ့ခြင်းမဟုတ်တဲ့အတွက် ဒီအဖွဲ့ စတင် ဖြစ်ပေါ်လာပုံနဲ့ လုပ်ငန်းစဉ်တွေအပေါ် စာနယ်ဇင်းသမားတွေက
မေးခွန်းထုတ်လိုက်ကြပါတယ်။ တကယ်တော့ ဒီကောင်စီထဲမှာ ပါဝင်သူတွေကိုယ်တိုင်က သူတို့ပါနေတယ်ဆိုတာ
သတင်းစာထွက်လာမှပဲ သိခွင့်ရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ဘန်ကောက်ရုံးကနေဆက်သွယ်စုံစမ်းထားတဲ့ကိုဇော်ဝင်းလှိုင်ကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေထဲမှာအင်္ဂလိပ်လိုရော၊မြန်မာလိုပါဖော်ပြထားတာပါ။
လက်ရှိ အစိုးရခေါင်းဆောင်တွေက လွှတ်လပ် ပွင့်လင်းမှုတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အခုလို အချိန်မျိုးမှာ လွှတ်တော်မှာ တင်ပြ ဆွေးနွေးခြင်း မရှိဘဲ အထူးသဖြင့်တော့ သတင်း စာနယ်ဇင်းလောကလူတွေကို အသိပေးခြင်းမရှိခြင်း မရှိဘဲ ဖွဲ့စည်းလိုက်တဲ့အတွက် ဒီကောင်စီ စတင် ဖြစ်ပေါ်လာမှုနဲ့ လုပ်ငန်းစဉ်တွေအပေါ် မေးခွန်းထုတ်စရာ အများကြီးရှိတယ်လို့ ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ
ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း
စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ
တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့်
ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။
အဆိုပါ မိသားစုတွင် အသက် ၁၀ နှစ်မှ ၁၃ နှစ်အကြား ကလေး ၂ ဦးပါဝင်ပြီး ရှမ်းပြည်တောင်ပိုင်း ရပ်စောက် – ရွာငံမှတဆင့် ကျောက်ဆည်မြို့ကို ဖြတ်ကာ မိုင် ၅၀ ခန့် ဝေးသည့် ရှေးဟောင်း နယ်မြေတခု ဖြစ်သည့် အင်းဝကို လေ့လာရန် တံတားဦးမြို့သို့ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ခန့်တွင် စက်ဘီးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကလေးများပါဝင်ပြီး ခရီးပမ်းသည့်အတွက် ယင်း ကမ္ဘာလှည့် ခရီးသွားမိသားစုက မြကေသီ တည်းခိုခန်းတွင် တည်းခွင့်ပြုရန် ပြောဆိုရာ လက်ခံခဲ့ကြောင်း၊ ည ၉ နာရီခန့် တွင် တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဤတည်းခိုခန်းသည် နိုင်ငံခြားသားများ တည်းခိုရန် လိုင်စင်မရှိသဖြင့် ခွင့်မပြုနိုင်ကြောင်း တားမြစ်သည့်အတွက် ရပ်ကွက် ဓမ္မာရုံသို့ အကူအညီ တောင်းကာ ပို့ဆောင်ခဲ့ရကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

သယံဇာတ အကျိုးစီးပွား ခွဲဝေရေး အဆို ဆွေးနွေးရန် သဘောတူ
ပြည်နယ်၊ တိုင်းဒေသကြီးများမှ ထွက်ရှိသည့် စီးပွားရေး အကျိုးအမြတ်
ရလဒ်များကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအားလုံး တပြေးညီ
ခွဲဝေပေးသင့်သည်ဟူသော ပြည်ထောင်စု အစိုးရကို တိုက်တွန်းသည့်အဆို
ဆွေးနွေးရန် လွှတ်တော်က သဘောတူ ကြောင်း သိရသည်။
“ပြည်ထောင်စု သမ္မတနိုင်ငံတော် အခြေခံ ဥပဒေပုဒ်မ (၉၆) ကို ရည်ညွန်းထားသည့် ပြည်ထောင်စု ဥပဒေပြုစာရင်း ဇယား(၁) တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ထုတ်လုပ်ထွက်ရှိသော စီးပွားရေး အကျိုးအမြတ် ရလဒ်များအား သင့်လျော် မျှတသောနှုန်း သို့မဟုတ် ၂၅ ရာခိုင်နှုန်းအား တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတို့ကိုခွဲဝေပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို အမျိုးသားလွှတ်တော်၌ ယမန်နေ့ကတင်သွင်းပြီး ဆွေးနွေးရန် သဘောတူကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ က ရေးသားထားသည်။

ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်လို

စစ်တွေတွင်
ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု။ ရခိုင်ပြည်နယ်
ပဋိပက္ခများအတွင်း အိမ်ပေါင်း ၂၅၀၀ မီးလောင်ပျက်စီးသည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိစပ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီ လူမျိုး ၉၀ ရာခိုင်နှုန်းကျော်ရှိရာ ဒေသခံ လူနည်းစု ရခိုင်တိုင်းရင်းသားများက အကြမ်းဖက်မှုများ ထပ်မံရင်ဆိုင် ရမည်ကို ထိတ်လန့်နေကြ၍ ယင်းနေရာများမှ ပြောင်းရွှေ့လိုနေကြခြင်းဖြစ်သည်။
“ရခိုင်သားတွေ အများကြီးရှိတဲ့ မင်းပြားမှာ သွားနေချင်တယ်၊ အဲဒီမှာက ကုလားမရှိဘူး၊ ဒီမှာမနေချင်တော့ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီကလူတွေက ကျမတို့နဲ့ အသိတွေလေ၊ သူတို့တွေပဲ ကျမတို့ကို လုပ်တော့ အဲဒီမျက်နှာတွေမြင်နေရမှာလေ၊ အခု မောင်တောမှာ နေရတာတောင် အပြင်သွားလို့ သူတို့ကိုတွေ့ရင် စိတ်ထဲမှာ တမျိုးကြီးပဲ၊ လန့်နေတယ်”ဟု မောင်တောမြို့နယ် သရီကုန်းဘောင် ရွာသူ မသန်းသန်းဝင်း က ပြောသည်။
သမ္မတ၏ ရခိုင်ပြည်နယ်မှ နစ်နာသူများကို ပြန်လည်နေရာချထားပေးရင် မူလမြေပိုင်ရှင်ကိုသာ ပေးလိုပါတယ်
ရခိုင်ပြည်နယ်
စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို မွတ်ဆလင်ဘာသာဝင် ကုလားတွေက မီးရို
့တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့ 
ဒီလိုစက်ရုံစုရပ်ကွက်ကို မီးရို့ သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ
ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို
လိမ်ညာလို့  မရတဲ့ အတွက် မီးလောင်မြေပြင်ကို အကွက်ချ ပေးရင်
ဘယ်လိုလာဘ်စားတဲ့  လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်လဲ
ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ် ။
စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ် ဖေဖေ၀ါရီလ-၅-ရက်နေ့ ကလဲဘဲ အခုလို ကုလား-ရခိုင်အဓိကရုဏ်းကြောင့် ပထမတကြိမ် မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို - နေအိမ်တွေကို မီးရို့ နဲ့  လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက် ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။ ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက ရှိပါတယ်။

အားမနာကြပါနဲ့ (ကဗျာရှင် နေရဲနီ)...
(ကဗျာရှင် နေရဲနီ)
" အမောင်ပျောက်ကြား
တိုင်းပြည်အားလျှင်
ဘာများ မှာကြားလေမည်နည်း။"
" ခရီးမတ်တပ် လမ်းခုလတ်တွင်
ရုတ်တရက်မို့ ကိုယ်လွတ်ရှောင်ခွာ
သွားရပါ၍ အားနာသည်ဟု ပြောပါလေ။"
(ဆရာကြီးမင်းသုဝဏ်၏ "သူ့မှာတမ်း" ကဗျာမှ)
တိုင်းပြည်ကိုချစ်သော မြန်မာတွေ အားနာတတ်သည်မှာ
သေရမည့်အချိန်မှာပင် တိုင်းပြည်ကို စွန့်ခွာသွားရသည်

မှာ အားနာပါကြောင်း
ဆရာကြီးမင်းသုဝဏ်မှ
အထက်ပါကဗျာဖြင့် ဖွဲ့ဆိုသွား၏။
အထက်ပါကဗျာဖြင့် ဖွဲ့ဆိုသွား၏။
စစ်ကိုင်းမြို့သူ မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့ စစ်ကိုင်းမြို့မြင်ကွင်း (ပေးစာ)
(ဓာတ်ပုံ ပေးပို့သူ ပြည်သူ့သတင်းထောက်)
မနေ့က
(၉.၈.၂၀၁၂)က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊
မြို့သားများနဲ့ ကောင်းမှုတော်စေတီမှာ ပန်းရေချမ်း ဆပ်ကပ်ပြီး ၈၈၈၈လုံး
အရေးတော်ပုံကြီးရဲ့ နောက်တရက် ၉ ရက် ၈ လ ၁၉၈၈က ကျဆုံးသွားခဲ့ကြတဲ့
စစ်ကိုင်းမြို့သူ၊ မြို့သားများအတွက် ဆုတောင်း မေတ္တာပို့သ ခဲ့ကြပါတယ်..။
ထိုစဉ်က စစ်ကိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမဆန်စွာ ပစ်ခတ်ခဲ့မှု အခြေအနေတွေကို
မမှီလိုက်တဲ့ ယနေ့ခေတ် လူငယ်တွေနဲ့ မသိရှိရသေးသူတွေ သိရှိနိုင်ဖို့အတွက်
ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဆိုပါ ၉ရက် ၈လ ၁၉၈၈ခုနှစ်က စစ်ကိုင်းမြို့သူ
မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့
မြင်ကွင်း (ပေးစာ)ကို ဖော်ပြလိုက်ပါတယ်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနသာင်္ရီတိုင်းညီလာခံကျင်းပရေး ကော်မရှင်မှ မြိတ်ခရိုင်နှင့် မြို့နယ်ကော်မရှင်များ တာဝန်ပေးအပ်ခြင်း အခမ်းအနား...
တနသာင်္ရီတိုင်းဒေသကြီး၊
မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီချုပ် တနသာင်္ရီတိုင်း
ညီလာခံကျင်းပရေး ကော်မရှင်၏ စီမံချက်ဖြင့် ခရိုင်ကော်မရှင်၊
မြို့နယ်ကော်မရှင်များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား
(5.8.2012)ရက်နေ့၊ နေ့လည်၁နာရီက မြိတ်မြို့ ကန်ဖျားနယ်မြေရှိ
ဦးစောဂျက်မင်္ဂလာခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ
တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်းအလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။
ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှ ယုတ်လျှော့ဖွယ် မရှိဟု ထပ်ဆင့်စုံစမ်းသိရှိရသည်။
ဓာတ်ခွဲခန်း၌ အချစ်ကို တိုင်းတာခြင်း
အချစ်နဲ့ပတ်သက်ပြီး လူတွေရဲ့ ခံစားပြုမူပုံတွေကို အဓိပ္ပါယ်ဖွင့်ဆိုရတာ
အခက်အခဲဆုံးပညာဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံ ပညာရှင်တွေဟာ
အဲဒီစိန်ခေါ်မှုကြီးကို ရှာဖွေစူးစမ်းခဲ့ရာ ယခုအခါ
အဓိပ္ပါယ်ဖွင့်ဆိုလာနိုင်ပြီဖြစ်ပါတယ်။ Rutgers တက္ကသိုလ်မှ မနုသဗေဒပညာရှင်
Helen Fisher က ''လူတွေဟာ အချစ်အတွက် ကဗျာတွေစပ်၊ ဝတ္ထုတွေရေး၊
ဝက်ဘ်ဆိုက်တွေ ဖန်တီး ခဲ့ကြပါတယ်။ အချစ်အတွက် ရှင်သန်နေသလို၊
အချစ်အတွက်ကြောင့်လဲ သတ်ကြ ဖြတ်ကြ၊ အသေခံကြပါတယ်။ သူတို့မှာ
အသက်ရှင်သန်ဖို့ ရုန်းကန်ရတဲ့စိတ်ဓာတ် အချစ်အတွက် ကြိုးပမ်းတဲ့စိတ်ဓာတ်က
ပိုမိုပြင်းထန်နေတတ်တယ်''လို့ ထောက်ပြပါတယ်။Hawii တက္ကသိုလ်မှ စိတ်ပညာရှင်-Elaine Hatfield နဲ့ Illinois ပြည်နယ် တက္ကသိုလ်မှ လူမှုရေးသိပ္ပံပညာရှင်-Susan Sprecher တို့ နှစ်ဦးဟာ နှစ်နှစ်ကာကာချစ်တဲ့စံနှုန်း Passionate Love Scale နဲ့ ပတ်သက်တဲ့ သုတေသနကို လွန်ခဲ့တဲ့ အနှစ် ၃ဝ က စပြီး လေ့လာခဲ့ပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်တွေမှာ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက် ၁၅ မျိုးပါရှိပြီး လူတစ်ယောက်ဟာ အနိမ့်ဆုံး ၁၅ မှတ်ကနေ အမြင့်ဆုံး ၁၃၅ မှတ်အထိ ရရှိနိုင်ပါတယ်။ အဲဒီစမ်းသပ်ချက်ကို အချစ်ရဲ့ သာမိုမီတာ- The Thermometer of Love လို့ တင်စားပြီး ခေါ်ဆိုခဲ့ပါတယ်။ အဲဒီသုတေသနပြု ချက်တွေကို အမေရိကန်နိုင်ငံမှာအပြင် ပစိဖိတ် ကျွန်းစုနိုင်ငံတွေ၊ ရုရှား၊ မက္ကစီ ကို၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေမှာလဲ ပြုလုပ်ခဲ့ပါတယ်။
Google က လျော်ကြေး ဒေါ်လာ ၂၂.၅ သန်းပေးလိုက်ရ

Google သည် Apple ၏ Safari browser အင်တာနက်သုံးစွဲသူတို့၏ အသုံးပြုမှုမှတ်တမ်းများအား privacy ပိုင်းဆိုင်ရာတွေကို ချိုးဖောက်တဲ့အတွက် အမေရိကန် ကုန်သွယ်ရေး ကော်မရှင်ဖြစ်တဲ့ Federal Trade Commission(FTC)ကနေ အမေရိကန်ဒေါ်လာ ၂၂.၅ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။
google ကုမ္မဏီဟာ အင်တာနက် အသုံးပြုသူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်မှုတွေကို နှောင့်ယှက်မှု ပြုလုပ်ခဲ့တဲ့ အတွက် ယခုလို ဒဏ်ကြေးပေးဆောင်ခဲ့ရတာကို August ၉ ရက်နေ့ AP သတင်းမှဖော်ပြထားပါတယ်။
ဆုံးမစာများ

"ဆုံးမစာများ"
ဝ မရှိဘဲနဲ့  ၀ိမလုပ်ပါနဲ့ 
ခေါ်တိုင်းလည်း မသွားနဲ့ 
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ့ 
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။
စာနာတတ်သူသည် ရိုင်းရိုင်းပြပြပြောခဲ၏။
ခေါ်တိုင်းလည်း မသွားနဲ့ 
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ့ 
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။
စာနာတတ်သူသည် ရိုင်းရိုင်းပြပြပြောခဲ၏။
ကိုထွန်းဝေ (ဂျပန်) စုစည်းဖော်ပြသည်။
Friday, August 10, 2012
ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး

လေယာဉ်မှူးကြီး ဦးသန်းထွေးကို နေအိမ်တွင်တွေ့ရစဉ်။
ဓာတ်ပုံ-သီဟတိုး
ဓာတ်ပုံ-သီဟတိုး
ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက် နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား ခဲ့ပါတယ်။
လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ် မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ တယ်။
အဲဒီနေ့က ထားဝယ်လေဆိပ်မှာ မြန်မာ့လေကြောင်းပိုင် လေယာဉ် အမှတ် -XY-AGB, U.B S.P.L လေယာဉ်ဟာ ထားဝယ်မြို့ကနေ ရန်ကုန် မြို့ကို ထွက်ခွာ အံ့ဆဲဆဲအချိန် ညနေ ၃ နာရီ ၄၅ မိနစ် လောက်မှာ လေယာဉ်ကွင်းထဲကို လူသုံးဦးနဲ့အတူ လူတစ်ယောက်က ပိုက်တန်း လန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပိုက်ပြီး "ကျွန်တော့သားလေးရဲ့ အသက်ကို ကယ်ကြပါ"ဆိုပြီး သားသမီးဇော ကပ်နေတဲ့အသံနဲ့ ငိုယိုအော်ဟစ် အကူအညီ တောင်းပြီး အမောတကော နဲ့ ကမူးရှူးထိုး ပြေးလာတာကို ခေါင်းခန်းမှာ လေယာဉ် စထွက်ဖို့ အသင့် ဖြစ်နေတဲ့ လေယာဉ်မှူးကြီး ဦးသန်းထွေးက လေယာဉ်ဦးခေါင်းပိုင်း ပြ တင်းပေါက်ကနေတစ်ဆင့် မြင် လိုက်ရပါတယ်။
တူရကီ နိုင်ငံခြားရေး ၀န်ကြီး စစ်တွေရောက်၊ ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှု့
တူရကီ နိုင်ငံခြာရေး ၀န်ကြီးလည်းဖြစ်၊ အစ္စလာမ်နိုင်ငံများ ပူးပေါင်းရေး OIC အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ Ahmet Davutoglu ဟာ ဒီကနေ့ နံနက်က စစ်တွေကို လေယာဉ်နဲ့ အတူ ရောက်ရှိလာပါတယ်။

သူရောက်လာတာနဲ့ ချက်ချင်း သဲချောင်းရှိ မန်ဇီ မွတ်ဆလင်တွေရဲ့ ဒုက္ခသည် စခန်းကို ထွက်ခွာ သွားတယ်လို့ သိရပါတယ်။
အဲဒီက ပြန်အထွက်မှာ မင်းဂံရပ်ကွက်ရှိ ရခိုင် ဒုက္ခသည်တွေကို ၀င်ရောက် ကြည့်ရှု့မယ်လို့ ဆိုပါတယ်။
အခု မျက်မြင်တွေရဲ့ အပြောအရ လုံခြုံရေးကတော့ တော်တော့ကို တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦအောင်မြကျော် ပြောတာက ခုလို လာရောက်တာကို ကြိုဆိုကြောင်းနဲ့ ပြည်ပက မွတ်ဆလင် အဖွဲ့အစည်းတွေ မဟုတ်မမှန် စွပ်စွဲ ပြောဆို နေသလိုမျိုး လူမျိုးတုန်း သတ်ဖြတ်မူ ရှိ မရှိကို သူကိုယ်တိုင် မြင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို တူရကီ နိုင်ငံခြားရေး ၀န်ကြီး လာကြည့်တာ ကောင်းတယ်လို့ ပြောပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ရခိုင်ပြည်နယ် သွားမည်

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ဦးဆောင်သည့် အဖွဲ့သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် သောကြာနေ့တွင် ရခိုင်ပြည်နယ် အခြေအနေအား သွားရောက် လေ့လာကြမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သျှမ်းပြည် (မြောက်ပိုင်း) ၌ အရပ်သားတစ်ဦးအား ရဲများရိုက်နှက်
သျှမ်းပြည်
(မြောက်ပိုင်း) မူစယ်ခရိုင် မုံးဝီး - နမ့်ပူလုံအသွားလမ်း နမ့်ပူလုံတံတား
အနီးတွင် မုံးဝီးရွာသား တစ်ဦးအား ယခု လ ရ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က
ရဲများရိုက်နှက်ရာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး နမ့်ခမ်းမြို့ဆေးရုံ၌
ဆေးကုသမှု ခံယူနေရကြောင်း သိရသည် ။

အသက် ၄၅ နှစ်အရွယ် ဦးမောင်ကြည်ဆိုသူ ထော်လာဂျီယာဉ်ဖြင့် အဆိုပါတံတားဖြတ်သန်းရန် ကြိုးပမ်းစဉ် ရဲများက တား ဆီး၍ ပိုက်ဆံတောင်းရာမှ အချေအတင်စကားများကာ ဦးမောင်ကြည်အား ရဲက ရိုက်နှက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေ သခံ ရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ဟသာင်္တရေကြီးမှု မြင်ကွင်းများနှင့် ဟင်္သာတ စည်ပင်ဋ္ဌာနအကြောင်း တိုင်ကြားစာ..
ကြံ့ဖွံ့အမတ်
ဦးဋ္ဌေးဦးရဲ့ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့တွင် ၈-၈-၂၀၁၂ ညတွင်
မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ဥယျာဉ်မြောက်ရပ်ကွက်
မန်းဘခိုင်လမ်းရှိ ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ
အလယ်တန်းကျောင်း၊ တို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့်
ကျောင်းသားကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး ရောင်းရေးဝယ်ရေး
အလွန်ဒုက္ခ ရောက်လျှက် ရှိကြပါသည်။
မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်နလ္လာ နှစ်ပတ်လည်နေ့ လူငယ်အဖွဲ့များကျင်းပ
ယနေ့
သြဂုတ်လ ၈ ရက်နေ့သည် ကွယ်လွန်သွားခဲ့သည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ
နိုင်နလ္လာ (ခေါ်) နိုင်ဆိတ်နို့ ၏ နှစ်ပတ်လည်နေ့ ကို မုဒုံမြို့နယ်
နှီးဗဒေါကျေးရွာရှိ မွန်လူငယ်အဖွဲ့များက ဂါရဝပြု အခမ်းအနားကျင်းပခဲ့ကြသည်။

၎င်းအခမ်းအနားကို နံနက် (၉း၃၀) နာရီအချိန်တွင် နိုင်နလ္လာ၏ ရုပ်ထုကျောက်တိုင် တည်ထားသည့် ၄င်း၏ ဇာတိမြေဖြစ်သည့် နှီးဗဒေါကျေးရွာ၌ သံဃာတော်များအား ဆွမ်းကပ်လှူ အမျှပေးဝေခြင်နှင့် လွမ်းစွပ်ပန်းခွေများဖြင့် ဂါရဝပြုကြသည်။