Saturday, March 10, 2012

ဟသာၤတ တက္ကသိုလ်အားဗုံးဖောက်ခွဲမည်ဆိုသည့်စာတွေ့ရှိ


၂၀၁၂ခုနှစ်မတ်လ၈ရက်နေ့နေ့လည်လောက်မှာဟင်္သာတတက္ကသိုလ်ပါမောက္ခဆီကိုပေးထားတဲ့ စာတစ်စောင်ရရှိတယ်လို့အဲ့ဒီကျောင်းကဆရာတစ်ဦးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မော်လမြိုင်ခရီးစဉ်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာမော်လမြိုင်စည်းရုံးရေးခရီးစဉ်ကိုမတ်၁၀ရက်နေ့မနက်ပိုင်းမှာနေအိမ်ကထွက်ခွာလာပြီးနေ့လည်လောက်မှာတော့မှာတော့မုပ္ပလင်ရွာကိုရောက်ရှိပြီးကျေးရွာလူထုနဲ့တွေ့ဆုံဟောပြောခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာကျိုက်ထိုမြို့စိမ်းလဲ့တင်ဟိုတယ်ကိုရောက်ရှိပြီးနေ့လည်စာစားခဲ့ပါတယ်။ကော့စံနိုင်ရပ်ကွက်ပါတီရုံးရှေ့မှာစောင့်ကြိုနေတဲ့ပြည်သူလူထုကိုစည်းရုံးဟောပြောခဲ့တယ်လို့သိရပါတယ်။ည၇နာရီလောက်မှာတော့မော်လမြိုင်မြို့ကမ်းနားလမ်းကstrandဟိုတယ်ကိုရောက်ရှိခဲ့ပါတယ်။

ကိုမင်းကိုနိုင်၏ အနုပညာလက်ရာလေးများ

ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူမျာအကျဉ်းထောင်နံရံများအကြားရေးဆွဲခဲ့ကြတဲ့ပန်းချီအနုပညာများအားစုစည်းပြသသည့်လွတ်လပ်ငြိမ်းချမ်းခွင့်အမည်ပေးထားသည့်ပန်းချီပြပွဲကိုယနေ့နံနက်၉နာရီခွဲကရန်ကုန်မြို့ပန်းဆိုးတန်းလမ်းစာပေလောက၅စာအုပ်ဆိုင်အပေါ်ထပ်မှာကျင်းပခဲ့ပြီးမင်းကိုနိုင်ရဲ့အနုပညာခံစားမှုကိုမြင်တွေ့ခဲ့ရပါတယ်။

Friday, March 09, 2012

အုပ်ချုပ်မှုစနစ်မမှန်ကန်ခဲ့ခြင်းကြောင့်ထိပ်တန်းနိုင်ငံအဆင့်မှအောက်ဆုံးသို့ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးသို့သွားရောက်ခဲ့သည့်စည်းရုံးရေးခရီးစဉ်အတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကအုပ်ချုပ်မှုစနစ်မမှန်ကန်ခဲ့ခြင်းကြောင့်မြန်မာနိုင်ငံအနေဖြင့်ထိပ်တန်းနိုင်ငံအဆင့်မှအောက်ဆုံးသို့ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။

Thursday, March 08, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်သို့နေ့ချင်းပြန်သွားရောက်မည်

မတ်လ၁၂ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ အစီအစဉ်ရှိကြောင်း သိရှိရပါ တယ်။ ခရီးစဉ်ကိုတော့ နေ့ချင်းပြန်သွားရောက်ပြီး တက်ရောက်လေ့လာမယ်လို့ NLD ပါတီက CEC အဖွဲ့ဝင်တစ်ဦးရဲ့ပြော ကြားချက်အရသိရပါတယ်။

မော်လမြိုင်နှင့်လားရှိုးသို့စည်းရုံးရေးခရီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဦးမည်

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်မဲဆွယ်စည်းရုံးရေးခရီးစဉ်အောင်မြင်စွာပြီးဆုံးပြီဖြစ်သည်။ ယခင်မြို့ များကဲ့သို့လမ်းတစ်လျှောက်ကြိုဆိုသူများမရှိသလောက်နည်းပါးသော်လည်းဟောပြောမည့်ကွင်းပြင်အတွင်း လာရောက်အားပေးသူ များပြားခဲ့သည်။

တစ်ပတ်အတွင်း မြန်မာပြည်သူများ စိတ်ဝင်စားဆုံးသတင်း

လ၁ရက်နေ့ကနေ၇ရက်နေ့ထိမြန်မာပြည်မှာလူထုစိတ်အ၀င်စားဆုံး၊မှတ်ချက်အများဆုံးအပေးခံခဲ့ရတဲ့သတင်းတွေ ကိုတင်ပေးထားပါတယ်။ အဲ့ဒီသတင်းတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ တစ်ချို့အကြောင်းအရာတွေကို ထုတ်နှုတ်ဖော်ပြပေး ထားပြီးတော့သတင်း အားလုံးဖတ်ချင်သူများအနေနဲ့ပေးထားတဲ့ Link လေးတွေကနေတဆင့် ၀င်ရောက်ကြည့်နိုင်ပါတယ်။  အင်တာနက်ချစ်သူများနဲ့အချိန်မပေးနိုင်တဲ့ညီအစ်ကိုမောင်နှမများအတွက်အပတ်စဉ်တိုင်းလည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တစ်ခုဝယ်ရင် တစ်ခု လက်ဆောင်ရမဲ့ SpareOne’s Mobile Phone Company ရဲ့အစီအစဉ်

SpareOne’s Mobile Phone Companyက ထုတ်လုပ်လိုက်တဲ့  Handset အသစ်တစ်မျိုးကို မတ်လ ၁၅ ရက်နေ့ မှစပြီးအမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ၇၀၊ ဗြိတိန်နိုင်ငံတွင် စတာလင်ပေါင် ၆၀ ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်းနှင့် ၄င်း၏ ထူးခြားချက်မှာ Handset အားဝယ်ယူယုံဖြင့် အပိုအဖြစ်AAအမျိုးအစား ဘက်ထရီ တစ်လုံးကိုလက်ဆောင်ထည့်သွင်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

နာမည်ကျော် Company Website များကို တိုက်ခိုက်ခဲ့သော ဟက်ကာခြောက်ဦးအား နယူးရောက် အာဏာပိုင်များ တရားစွဲဆို

နာမည်ကျော် အကြွေးဝယ်ကတ် Company ကြီးတွေဖြစ်တဲ့ Master Card, Visa inc နှင့် ငွေကြေး ၀န်ဆောင်မှုပေးတဲ့ PayPal တို့၏ Website တွေကို အဓိက တိုက်ခိုက်ခဲ့တဲ့ ဟက်ကာခြောက်ဦး ကို နယူးယောက်မြို့၏ တာဝန်ရှိသူ အာဏာပိုင်များက တရားစွဲဆိုလိုက်တယ်လို့ သိရှိရပါတယ်။
          အဲ့ဒီအထဲက ငါးဦးကတော့ အမေရိကန်၊ ဗြိတိန်နှင့် အိုင်ယာလန် တို့က ဖြစ်ပြီး Anonymous & Lulzesec ဟက်ကာအဖွဲ့မှဖြစ်တယ်လို့သိရပါတယ်။ အခြားတစ်ယောက်ကတော့ နယူးယောက်မြို့က ချာဗီယာမွန်ဆီဂါ ဆိုသူဖြစ်ပြီး ၂၀၁၁ခုနှစ် ဇွန်လပိုင်းမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အခြားဟက်ကာအဖွဲ့ ၀င်များအား ဖမ်းဆီးနိုင်ရန် FBI အဖွဲ့အား အကူအညီပေးခဲ့ပါတယ်။

Wednesday, March 07, 2012

ဒေါ်အောင်ဆန်းစုကြည် တောင်ငူစည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံများ

ဒေါ်အောင်ဆန်းစုကြည်တောင်ငူကိုရောက်တဲ့အချိန်မှာစည်းရုံးရေးလုပ်ခဲ့တဲ့ဟောပြောမှုဓါတ်ပုံတွေကိုတင်ပေး လိုက်ပါတယ်။ 

၂သိန်းတန်ဖုန်းများရောင်းချမည့်အစီအစဉ်ထုတ်ပြန်


       ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များရဲ့ ကြီးကြပ်မှုနဲ့မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ဒေသတွင်းဆက်သွယ်မှုဆောင်ရွက်သည့်ကုမ္ပဏီတို့ညှိနှိုင်းပြီး မိုဘိုင်းလ် ဖုန်းရောင်းချမည့် အစီအစဉ်များမှာ

Tuesday, March 06, 2012

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဟောပြောပွဲ

  မတ်လ(၅)ရက်နေ့ ညနေ(၆)နာရီအချိန်က နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်းရွာထိပ်ကွင်းပြင် မှာဒေါ်အောင်ဆန်းစုကြည်မဲဆွယ်စည်းရုံးပွဲစတင်ခဲ့ပါတယ်။နေပြည်တော်ရဲ့သီရိ(၄)မြို့နယ်မှာဒီ/ချုပ်ကကိုယ်စားလှယ်(၄)ဦးဝင်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်(၄)ဦးအတွက်ပြည်သူတွေကတခဲနက်မဲထည့်ပေးကြဖို့ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါ တယ်။ NLDကိုမဲပေးရင် လမ်းမီးတွေပျက်သွားမယ်ဆို တဲ့ခြိမ်းခြောက်မှု တွေကို ဂရု စိုက်ရန်မလိုကြောင်း၊ ဗမာတွေအတွက် မီးပျက်တာ အပျော့ ပါပဲ၊ ခြောက်တိုင်း လဲကြောက်ဖို့မလိုကြောင်း၊ လုပ်တိုင်းခံရန်မလိုကြောင်း၊ အမှန်တကယ်ခြိမ်းခြောက်မှုတွေရှိနေခဲ့ရင်ရဲရဲကြီးလက်မှတ်ထိုးပြီးတိုင်နိုင်ကြောင်း၊သူမအနေဖြင့် ရွေးကောက်ပွဲကော်မ ရှင်သို့တင်ပြပေးမည်ဖြစ်ကြောင်းပြော ဆိုခဲ့ပါတယ်။

Monday, March 05, 2012

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ရောက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် သည် မနက် ၆နာရီကျော်လောက်မှာ မန္တလေးကထွက်လာပြီး တံတားဦးမြို့က ပြည်သူလူထုကိုစည်းရုံးဟောပြောခဲ့ကြောင်းသိရှိရပါတယ်။ တံတားဦးကို မနက် ၇နာရီလောက်မှာရောက်ရှိလို့ ပြည်သူလူထုကို ၄၅ မိနစ်ခန့်ဟောပြောခဲ့ကြောင်း သိရှိရပါတယ်။ မနက်၈နာရီလောက်မှာတော့ အဓိကစည်းရုံးရေးနယ်မြေဖြစ်တဲ့ နေပြည်တော်ကို ထွက်လာခဲ့ပါတယ်။ ညနေ ၄နာရီလောက်မှာတော့ နေပြည်တော် တိုးဂိတ်ကိုရောက်ရှိပြီး လူထုဟောပြောပွဲလုပ်မယ့် ဥတ္တသီရိမြို့ကို သွားရောက်နေတယ်လို့ သိရှိရပါတယ်။

gmail ကနေ လာမယ့်အချိန်တခု(ဥပမာ-မနက်ဖန်)ကို ကြိုတင်ပြီး မေးလ်ပို့ချင်ရင်

ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။ အခုနည်းလေး က အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအ ကျမှာ ရောက်ရှိစေမယ့် နည်းလမ်းဖြစ်ပါတယ်။ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။ စာကိုလဲကြို မပို့ချင်ဘူး။သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေး ကို အသုံးပြုနိုင်ပါတယ်။လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေး ကိုသွားပြီး  install လုပ်လိုက်ပါ။
http://www.boomeranggmail.com/