KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်
၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါသည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး
တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊
လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင်များနှင့် မိသားစုဝင်
များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား
တရုတ်နယ်စပ်ဖြတ် သန်းခွင့်ကို KIA မှပိတ်ထားသဖြင့် လိုင်ဇာတွင်ကျန်ရစ် သူ ဒေသခံ များမှာ
စိတ်သောက ရောက်နေကြသည်။ အခုဆိုရင် KIA ဌာနချုပ်ကိုလည်း လိုင်စင်စခန်း ကို ရွှေ့နေ ပါတယ်။
KIA ခေါင်းဆောင်တွေရော၊ မိသားစု ၀င်တွေရော၊ သူဌေးတွေရော တစ်ယောက်မှ လိုင်ဇာမှာ မရှိတော့ပါဘူး။
အကုန်လုံးတရုတ်ဖက်ကိုကူးကုန်ပါပြီ။ “ကျွန်မတို့ကတော့ ဒီမှာကျန်ခဲ့ပြီး တရုတ်ဘက်ကို လည်း
KIA က ကူးခွင့်မပေးတော့ အချုပ်ကျသလို ဖြစ်နေပါ တယ်” ဟု ကချင်အမျိုးသမီး ဒုက္ခသည် တစ်ဦးကဆိုသည်။
Monday, December 31, 2012
သဲထဲရေသွန်သလို
ကီလိုမီတာ
၃၀၀ နီးပါး ရှည်လျား ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကို
၂၀၀၈ ခုနှစ် မတ်လမှာ မြန်မာ နအဖ အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ
တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ် မှုတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်
ကူးသန်း သွားလာမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ပိတ်လိုက်တာ
ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် အာဏာပိုင်တွေ နဲ့ တွေ့ဆုံ
ဆွေးနွေး ရာမှာ မြန်မာနယ်ခြားစောင့်တပ် အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။
မြန်မာဘက်က ကာထားတဲ့ ခြံစည်းရိုးဟာ မောင်တောမြို့တောင်ပိုင်း ပင်လယ်ကမ်းခြေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာနားကနေ မောင်တောမြို့ တောင်ပိုင်း ဗန္ဓုလ (ဘောသလာ) ကျေးရွာအနီး နယ်စပ် မှတ်တိုင် အမှတ် ၅၅ နားအထိ မိုင် ၂၀၀ အရှည်လောက် ကာရံမှုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ဗန္ဓုလ ကျေးရွာ အခြေစိုက် နစက နယ်မြေ ၁ အခြေစိုက် တပ်ကြပ်ကြီး တယောက်ရဲ့ အဆိုအရ သိရပါ တယ်။
မြန်မာဘက်က ကာထားတဲ့ ခြံစည်းရိုးဟာ မောင်တောမြို့တောင်ပိုင်း ပင်လယ်ကမ်းခြေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာနားကနေ မောင်တောမြို့ တောင်ပိုင်း ဗန္ဓုလ (ဘောသလာ) ကျေးရွာအနီး နယ်စပ် မှတ်တိုင် အမှတ် ၅၅ နားအထိ မိုင် ၂၀၀ အရှည်လောက် ကာရံမှုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ဗန္ဓုလ ကျေးရွာ အခြေစိုက် နစက နယ်မြေ ၁ အခြေစိုက် တပ်ကြပ်ကြီး တယောက်ရဲ့ အဆိုအရ သိရပါ တယ်။
ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ
အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ်အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်းလျှောက်ပြခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီး လှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီး လှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အပြစ်မဲ့ပြည်သူ(၄)ဦး မိုင်းနင်းမိ၍ (၁)ဦးဒဏ်ရာရရှိ
၃၀-၁၂-၂၀၁၂
ရက်နေ့ ၀၇၃၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊
ရပ်ကွက်(၁)နေ ဘရန်ဒီး(၁၄)နှစ်၊ ယော်ထန်(၁၃)နှစ်၊ လာယော်(၁၅)နှစ်နှင့်
ထန်းလောင်း(၁၀)နှစ်တို့ (၄)ဦးသည် သစ်ခွပင် များရှာဖွေရန် တောတွင်းသို့သွားရောက်စဉ် ဆဒုံးမြို့နယ်ခွဲအနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ နမ္မလိချောင်းအနီးအရောက်တွင်ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး အား နင်းမိပေါက်ကွဲခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဘရန်ဒီးတွင် ယာဒူးအောက်ပိုင်းပြတ်၊ ၀ဲခြေသလုံး မိုင်းစထိမှန်၊ ၀ဲလက်ဖ၀ါး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်းနှင့် ကျန်(၃)ဦး မှာ ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဘရန်ဒီးတွင် ယာဒူးအောက်ပိုင်းပြတ်၊ ၀ဲခြေသလုံး မိုင်းစထိမှန်၊ ၀ဲလက်ဖ၀ါး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်းနှင့် ကျန်(၃)ဦး မှာ ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။
အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့် ပြည်တွင်းကားဈေးကွက်
အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်း သက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်းက ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။
ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။
ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။
မော်ဒယ်အသစ်တင်သွင်းခွင့်ကြောင့် တစ်စီးလျှင် ကျပ်သိန်း(၄၀) အထိ ကားဈေးကျဆင်းနေ
ရန်ကုန်ကားဈေးကွက်အတွင်း
မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀
သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း ကားဈေးများမှာကျပ် သိန်း၂၀ သိန်းမှ ၃၀ အတွင်း ဈေးကျဆင်းနေကြောင်း သိရှိရသည်။ ထိုကဲ့သို့ ကျဆင်းလာရခြင်းမှာ ၂၀၁၃ ခုနှစ်တွင်ထပ်မံရောက်ရှိလာတော့မည့်၉၇ ခုနှစ်မှ ၂၀၀၇ အထိ မော်ဒယ်မြင့် ကားများ ရောက်ရှိလာတော့မည်ဖြစ်သည့်အပြင်ယခင်ကတည်းက တရိပ်ရိပ်ကျဆင်း လာသောကားဈေး ကွက်အခြေအနေ များကြောင့်ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ တာဝန်ရှိသူများက ဆိုသည်။
ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်
ကိုယ်ကြပ်ဘောင်းဘီ
(စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့
အညီသူရဲ့ဆိုးကျိုးများလည်းသိထားရန်လိုအပ်ပါတယ်။သေချာတာကတော့ခပ်ကြပ်ကြပ်
ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို
ကြိမ်းသေ သက်ရောက်မှု ရှိပါ တယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း
မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။
လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက် PDF Print
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး
တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ
၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍
ကျရောက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ လက်နက်ကြီးကျည်ဆံသည် ဒေါ့ဖုန်းယန်ဘက်မှ လဂျားယန်ဘက်သို့ ပစ်ခတ်ခဲ့သည့် ကျည်ဆံများဖြစ်ပြီး လိုင်ဇာမြို့အနီး တရုတ်နယ်စပ်အတွင်းရှိ ကျေးရွာသို့ ကျရောက်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား
ဦးခေါင်းကို
ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား
ဆေးရုံတင် ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
မစ္စစ် ဟီလာရီ ကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို
သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာန
အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ် က ပြောကြားသည်။ သူမအား ဆေးရုံတွင်
၄၈ နာရီကြာ စောင့်ကြည့်ကုသသွားမည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ
နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏ မုန်းတီးစိတ် ကိုပိုဖြစ်ပေါ်နိုင်ဟု
အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင်
အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့
ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး
ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး
ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ ရှိရပါသည်။
၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစား ဆရာဝန်ကြီး
ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။
တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို
နိုင်ငံသားတစ်ယောက်အနေနဲ့
လုံးဝလက်မခံနိုင်ပါ ဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။
ရုရှားနိုင်ငံ ဗီနူကိုဗိုလေဆိပ်မှ ခရီးသည်တင်လေယာဉ် ပျက်ကျမှု (6 photos)
ရုရှားနိုင်ငံတွင်
မော်စကိုမြို့တော်ရှိ ဗီနူကိုဗို (Vnukovo) လေဆိပ်သို့ ဆင်းသက်သည့်
ခရီးသည် တင်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၎
ဦးသေဆုံးကြောင်း RT News က ဖော်ပြသည်။ လူ ၃ ဦးမှာ ပွဲချင်းပြီး
သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့သော အခြား လူ ၃ ဦးကို
ဆေးရုံသို့ တင်ပို့စဉ် တစ်ဦးမှာ လမ်းတွင် သေဆုံးသွားကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားသည်။ Planet Myanmar Network
Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု
ပြည်ပက အသိအမှတ် ပြုခံ ရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား
ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ
ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment
Co.,Ltd. (FMI) အများပိုင် ကုမ္ပဏီတို့၏ အကြီးအကဲနှင့် ဥက္ကဋ္ဌဖြစ်သည်။
FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။
FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။
Who's who 2012-မှူးဇော် (ခ) ဦးဇော်ဌေး
အင်တာနက်နှင့်
ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ
ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့်
ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက်များကို
ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
Who's who 2012-နန်းခင်ဇေယျာ
ကမ္ဘာတွင်
မြန်မာပုံရိပ်ကို ပိုမို ထင်ရှားလာအောင် တွန်းပို့နိုင်ခဲ့သူ များအနက်
တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် နန်းခင်ဇေယျာ ကို အားကစား
နယ်ပယ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
နှစ်ပေါင်း ၅၀ ဝန်းကျင် ဝေးကွာခဲ့သည့် Miss International ပြိုင်ပွဲတွင်
မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် နန်းခင်ဇေယျာသည်
ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင်ပြုလုပ်သည့် Miss International 2012
တွင် အဓိကပင်မဆု မဟုတ်သော် လည်း မြန်မာနိုင်ငံသား အများစု စည်းလုံး စွာဖြင့်
တစ်ခဲနက် မဲပေးမှုကြောင့် Miss Internet Award ဆု ရရှိခဲ့သည့် အပြင် People
Choice Award ကိုပါ ရရှိခဲ့သည်။
Who's who 2012-စာရေးဆရာ ကျော်ဝင်း
မျက်မှောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ နိုင်ငံ တည်ဆောက်ရေးတို့တွင် အရေးကြီး သည့် နိုင်ငံရေး ဘောဂဗေဒအပါအဝင်၊ နိုင်ငံရေးသိပ္ပံ ပညာရပ်များသာမက ကမ္ဘာ့နိုင်ငံရေး အပြောင်း အလဲနှင့် လားရာအမြင်များ၊ မြန်မာ့နိုင်ငံ ရေးသမိုင်းကြောင်း လေ့လာဆန်းစစ်ချက် များကို မြန်မာ စာဖတ် ပရိသတ် လေ့လာနိုင်စေရန် အစဉ် တစ်စိုက် ရေးသားနေသည့် ဘာသာပြန်ဆရာ၊ စာရေး ဆရာ ကျော်ဝင်း သည် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ၊ အခက် အခဲနှင့် ပဋိပက္ခများကို အများကြိုက် မပြောဘဲ ရပ်တည်ချက် သဘောထားမှန်မှန်၊ ယထာဘူတ ကျကျ၊ ကျိုးကြောင်း ဆက်စပ်မှုရှိရှိ၊ မျှမျှတတ၊ ပညာရှင်ဆန်ဆန် ဆန်းစစ်သုံးသပ် ရေးသားအကြံ ပြုထောက်ပြ ခဲ့သောကြောင့် ယခုနှစ်အတွင်း ထူးခြားထင်ရှားသူများ စာရင်းတွင် ရွေးချယ်ဖော်ပြ လိုက်ပါသည်။
Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂ဝဝ၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး
အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော်
အာဏာကို ချုပ်ကိုင်ခဲ့သည့် တပ်မ တော် သည်လည်း မြန်မာ့တပ်မတော် အနေနှင့်
သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေး ကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ခြင်းနှင့် ပြည်ပ ရန်စွယ်များကို
Who's who 2012-ကျော်သူ
နာမည်ကျော်
သရုပ်ဆောင်ဘဝကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သေဆုံးသူ ပျမ်းမျှ ၄၅ ဦးမှ
၅၀ ဦးခန့် အထိကို အခမဲ့ သင်္ဂြိုဟ်ပေးသည့် နာရေး ကူညီမှု လုပ်ငန်းကို ၂၀၀၁
ခုနှစ်မှ စတင်ကာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ရုံ သာမက သုခကုသိုလ်ဖြစ် ဆေးခန်းဖွင့် လှစ်၍ ငွေကြေး မတတ်နိုင်သည့် ဝေဒနာရှင်များကို အခမဲ့
ကုသပေးနေခြင်း၊ မြန်မာနိုင်ငံ အနှံ့ရှိ ရေရှား ပါးသော ဒေသ များသို့
သောက်သုံးရေသန့်များ လိုက်လံဝေငှခြင်း၊ အဝီစိတွင်း တူးပေးခြင်း၊ ရေတွင်း
ရေကန်များ တူးဖော်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားသော ဒေသများတွင် ကူညီ
ထောက်ပံ့ရေး လုပ်ငန်း များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး အမင်္ဂလာ
အလုပ်တစ်ခုအဖြစ် ရှောင်ကြဉ် ခဲ့ကြသော ရုပ်ရှင်၊ ဂီတလောကသား အများစုကို
လူမှုရေး လုပ်ငန်းများတွင် ပါဝင် လာစေရန် စံနမူနာပြ စည်းရုံးနိုင်ခဲ့သူ
တစ်ဦးဖြစ်ခြင်း တို့ကြောင့် ယခုနှစ်အတွင်း လူမှုရေး ကဏ္ဍတွင် ထူးခြား
ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်ပါသည်။
Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူသောကြောင့် ၂၀၁၀ ပြည့်နှစ်
ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ၄င်း၏ ဆန္ဒသဘောထား ပြောကြား
ခဲ့သော်လည်း NLD ပါတီကိုမူ အများဆန္ဒဖြင့်ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သူ၊ ၂၀၁၁ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့်
သီးသန့် တွေ့ဆုံပြီးနောက် ယခု ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်
ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် ကိုယ်စားပြု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် NLD ပါတီနှင့်အတူ
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ၊ အစိုးရ သစ် လက်ထက်တွင် အစိုးရသစ်က
ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးအနေနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ
စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ အနေနှင့် လည်းကောင်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း
စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အနေနှင့်လည်း ကောင်း ကိုယ်တိုင်ကိုယ်ကျ
ပါဝင်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို
ယခုနှစ်အတွက် ထူးခြား၊ ထင်ရှားသူ အဖြစ် ရွေး ချယ် လိုက်ပါသည်။
Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေး အာဏာကို နှစ် ၅၀ နီးပါးခန့် တပ်မတော်က ကိုင်တွယ် စီမံခဲ့ပြီး
နောက် ဒီမိုကရေစီ နိုင်ငံသစ် တစ်ခုတည်ဆောက် ရန်အလို့ငှာ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အရပ်သား အစိုးရအသွင် ပြောင်းပြီး အစိုးရ
အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း အံ့အားသင့်ဖွယ်
အပြောင်းအလဲ များ အကောင်အထည် ဖော်ခဲ့သူဖြစ်သည့် အပြင် ရိုးသား
ဖြောင့်မတ်သူ၊ ဟိတ်ဟန်မများ မာန်မာန နည်းသူ၊ သြဇာအာဏာ အလွဲ
မသုံးခဲ့သူ၊ ကိုယ်တိုင်ရော မိသားစု၊ ဆွေမျိုးသားချင်း များပါ မည်သည့်
အခွင့်ထူးကိုမျှ မရယူခဲ့သူ၊ မည် သည့် စီးပွားရေးလုပ်ငန်းရှင် နှင့်မျှ
ကိုယ်ကျိုးစီးပွား မရောယှက်ခဲ့သူ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်း
အဝိုင်းတို့၏ စဉ်ဆက်မပြတ် စောင့်ကြည့် ခံနေရပြီး ယခု နှစ်အတွင်း တိုင်းပြည်
၏ မျှော်လင့် ထားသော ပြဿနာများ၊ မျှော်လင့် မထားသော ပြဿနာ များ၊
တစ်နည်းအားဖြင့် စိန်ခေါ်မှု၊ ပြဿနာ အခက်အခဲ များကိုပါ စနစ်တကျ
တုံ့ပြန်ဖြေရှင်း နိုင်ခဲ့သူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ၂၀၁၂
ခုနှစ်၏ ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
Who's who 2012 - သီတဂူဆရာတော်
လင်းပွင့်စ
မြန်မာနိုင်ငံတွင် အကောင်းအဆိုး ရောပြွမ်း ဖြစ်ပွားခဲ့သည့် ၂ဝ၁၂
ခုနှစ်တွင် ဘာသာ ရေးနှင့် လူမှုရေး လှူဒါန်းကူညီမှု များအပြင် နိုင်ငံ ခြား
တိုင်းပြည်အချို့၏ အဓိက အရေးကိစ္စရပ် အချို့တွင်ပါ
သြဇာ သက်ရောက်မှုရှိရှိ လှုပ်ရှားခဲ့ သူ၊ ဘွဲ့တော်ရင်း ဒေါက်တာအရှင် ဉာဏိဿရ
ဟု ခေါ်တွင်ကာ မွန်ပြည်နယ် သထုံမြို့ သပိတ်အိုင် တောရ စခန်းတွင် လေးနှစ်ကြာ
တရားအားထုတ် ခဲ့ခြင်းကို အစွဲပြု၍ သပိတ်အိုင် ဆရာတော်ဟု လည်း လူသိများသူ
သီတဂူ ဆရာတော်ကို ယခု နှစ်အတွက် ထူးခြား ထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ်
ရွေးချယ်လိုက်ပါသည်။
၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် လက်ပံတောင်းတောင် အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ မြန်မာဘုန်း တော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏ ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် လက်ပံတောင်းတောင် အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ မြန်မာဘုန်း တော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏ ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။
ကေအိုင်အေ ခေါင်းဆောင်များတရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေသခံများကို လိုင်ဇာမှ ထွက်ခွါခွင့်မပြု
၂၈.၁၂.၁၂ရက်နေ့က ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေခေါင်းဆောင်များက တရုတ်နိုင်ငံအတွင်းသို့
ဝင်ရောက်တိမ်းရှောင်ပြီး ၄င်းတို့ပိုင် ဟိုတယ်များမှနေပြီး
စစ်ဆင်ရေးအား ကွပ်ကဲ လျက်ရှိ ကြောင်း သိရှိရသည်။ ကေအိုင်အေ
ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံသို့ တိမ်းရှောင် သွားခဲ့သော်လည်း
လိုင်ဇာတွင်ရှိနေသည့် တရုတ်နိုင်ငံသားများမှအပ ကျန်တိုင်းရင်းသားများကို
တရုတ်နိုင်ငံသို့ သွားလာခွင့်ပိတ် ထားကြောင်းသိရှိရသည်။
ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် (ဇူးဇူး)
မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက် သို့ နာရေးရှင် ခံစားနေရသော ပူဆွေးသော က ဝေဒနာတို့ကိုဖေးမကူညီရန်ဒုတိယအကြိမ် ရောက်ရှိလာခဲ့ သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့်
လုံချည်အနက် အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏
ဧည့်အသင်းသူ/သားများ ချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့်
ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန
လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက
အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။
လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု
ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေ သည့် ကျောက်စိမ်း ကျောက်မျက်လုပ်ကွက်များ အနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက် များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကိုဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေ ပွဲမှ အသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့်ကျန်ရှိကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိတွင် အင်တာနက်နှင့် တယ်လီဖုန်း တို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေများစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိတွင် အင်တာနက်နှင့် တယ်လီဖုန်း တို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေများစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား
ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။ Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလို မျိုးပဲ
ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို
ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ်
ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ
အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ်
ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

























